အကြမ်းဖက်စစ်တပ်ကို ဆဲဆိုဝေဖန်ခဲ့တဲ့ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းကို ပြင်ဦးလွင်မြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၈ရက် မနေ့က အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး သတင်းဟုတ်မှန်ကြောင်း အကြမ်းဖက်စစ်ကော်မရှင် ထောက်ခံသူတွေကလည်း အတည်ပြုပြောဆိုကြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အရာရှိအကြီးပိုင်းတွေကို ဆဲဆိုဝေဖန်ခဲ့သလို စစ်တပ်ထောက်ခံသူ အချင်းချင်းကြား အငြင်းပွားမိုက်ကြေးခွဲတာတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်ထောက်ခံသူအချင်းချင်းပဲ တရားစွဲထားတာ ဖြစ်ပါတယ်။

ဇော်ဘုန်းဟိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မ ၄ ခုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး မန္တလေးအိုးဘိုထောင်မှာ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ဇော်ဘုန်းဟိန်း ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် စစ်တပ်လော်ဘီ မဘသ တစ်ယောက် ကလည်း”ဇော်ဘုန်းဟိန်း ထောင် ၁၁ နှစ်ကျတာ မဖြစ်သင့်ဘူးတဲ့။ ဒါကိုတော့ ကိုယ် လက်ခံတယ်။ လုံးဝ ၁၁ နှစ် မဖြစ်သင့်ဘူး။ without ကားတွေ ဖမ်းမယ်ဆိုမှ without ကား စီးပြတာ။ လက်နက်တွေကို အရေးယူမယ်ဆိုမှ သေနတ်တကားကားနဲ့ TT ဆော့ပြခဲ့တာတွေ ရှိသေးတယ်။ အဲ့ကိစ္စနှစ်ခုအတွက် နောက် နှစ်မှု ထပ်ကပ်သင့်သေးတာ…. အဲ့နှစ်မှု ထပ်ကပ်ပြီး အားလုံး ထောင် ၁၂ နှစ် ခွဲလောက်ဆိုမှ ဖြစ်သင့်တာ…” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားခဲ့ပါတယ်။

ဇော်ဘုန်းဟိန်းအနေနဲ့ လက်ရှိပြစ်ဒဏ်အပြင် စစ်လော်ဘီ မိုးမိုးခိုင်ကနေ တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကိုလည်း ထောင်အတွင်းကနေ တရားဆက်လက်ရင်ဆိုင်ရဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဇော်ဘုန်းဟိန်း ထောင်ဒဏ်ကျခံရမှုအပေါ် စစ်တပ်လော်ဘီ သင်္ကန်းဝတ် ပေါက်ကိုယ်တော်ကလည်း”ကိုဇော်ဘုန်းဟိန်းကို ဝန်းရံတဲ့သူတွေ အနီးကပ်လူတွေ ပြည်ပကိုအားမကိုးပါနဲ့၊ တခါတလေ ပြည်ပလူတွေကြောင့် ဒုက္ခရောက်သွားသူတွေ ရှိပါတယ်။ ပြည်ပကလူတွေက ဘာမှလုပ်မပေးနိုင်ပါဘူး။ အဲ့တော့ ကိုဇော်ဘုန်းဟိန်းကို လွတ်ငြိမ်းပဲ မျှော်ရတော့မယ်။ ဘာပြောပြော ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဆိုတော့ ဥပဒေအလုပ် ဥပဒေအတိုင်းလုပ်မှာ၊ ဥပဒေအတိုင်း ဆော်မှာပဲ။ အပြစ်ပြောလို့မရဘူး။ လွတ်ငြိမ်းကိုပဲ မျှော်ရမယ်။ ကိုဇော်ဘုန်းဟိန်းကလည်း သူ့ကိုအမိန့်ချပေမယ့် ပျော်ပျော်ကြီးပါပဲ။ အပြုံးမပျက်ပါဘူး။ မကြာခင် ပြန်လာမယ်လို့ထင်ပါတယ်။” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာကနေ ဗီဒီယိုဖိုင်နဲ့ ပြောဆိုထားပါတယ်။

ဒီဖြစ်စဥ်ရှေ့မှာလည်း အကြမ်းဖက်စစ်ကော်မရှင်က သူတို့ကို ဝေဖန်ပြောဆိုခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူ ငါးမင်းဆွေကို အင်းစိန်ထောင်အတွင်း အလုပ်နဲ့ ထောင် ၃နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ပုံစာ – စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်း
0 Shares:
You May Also Like
Read More

KK Park အတွင်း အဆောက်အဦး ၁၀၀ ကျော် ဖောက်ခွဲဖျက်ဆီးပြီးကြောင်း မတတ်သာဘဲ ကျားဖြန့် ဟန်ဆောင်နှိမ်နင်းပြနေသည့် စစ်ကော်မရှင် ထုတ်ပြန်

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲက လူတွေကို အာဏာသိမ်းစစ်တပ်က မောင်းထုတ်ပြီးတဲ့နောက် KK Park အတွင်း ဖောက်ခွဲမှုတွေ နေ့စဥ်လုပ်ဆောင်နေရာ အဆောက်အဦး ၁၀၁ လုံးအထိ ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

ရွှေကုက္ကိုလ်မှာ ကျားဖြန့်နှိမ်နင်းရေးဆိုပြီး BGF ဖွဲ့ထားသည့် အထူးအဖွဲ့က လုပ်ငန်းခွင်တွေကို လိုက်လံရှာဖွေစစ်ဆေးနေ

စစ်ကောင်စီလက်အောက်ခံ စောချစ်သူခေါင်းဆောင်တဲ့ BGF က ကျားဖြန့်နဲ့ လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းပြီးနောက် အဆိုပါအဖွဲ့က ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ လုပ်ငန်းခွင်တွေနဲ့ လူနေထိုင်ရာ အဆောင်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။