မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ရှိ ရှေးဟောင်းဘုရားရင်ပြင်ပေါ်ကို အကြမ်းဖက်စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စေတီတွေ ထိမှန်ပျက်စီးသွားတယ်လို့ People’s Defence Force – Yenangyaung တပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ်လ ၈ရက် မနေ့က ညနေ ၄နာရီလောက်မှာ ရွာမွန် ပင်မစက်လက်နက် သိုလှောင်ရုံကနေ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ပါရာမော်တာ စက်တက်လေထီးဟာ အင်တောအုပ်စု၊ လည်ကျည်းရိုးကျေးရွာ၊ ကိုးတောင်ပြည့်ဘုရား (အရပ်ခေါ် မြောက်ကျောင်းဘုရား) ဝန်းထဲကို ပစ်ခတ်ခဲ့တာကြောင့် စေတီ ၂ဆူ ထိမှန်ပျက်စီးသွားပြီး ဒေသခံအမျိုးသားတစ်ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ဘုန်းကြီးကျောင်းထက်စာရင် ရှေးဟောင်းစေတီ ၂ဆူ ပျက်စီးသွားတာရှိတယ်၊ ဒေသခံက ဘယ်လိုထိခိုက်သွားလဲဆိုတော့ သူက အဲ့နားဝန်းကျင်မှာ နွားကျောင်းနေတာ၊ နွားကျောင်းရင်းထိသွားတာ” လို့ ရေနံချောင်း PDF တာဝန်ခံ စံရှားက မောင်းကို ပြောပါတယ်။

လည်ကျည်းရိုးကျေးရွာဟာ အခုလို စက်တပ်လေထီးနဲ့ ပထမဆုံးအကြိမ် လာရောက်ပစ်ခတ်ခံရတာဖြစ်ပြီး အဆိုပါရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မရှိသလို တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရ… စစ်ရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အမြောက်တပ်ကို ဘယ်လိုသွားရလဲလို့ PDF တွေကို လာမေးတဲ့ စစ်ဗိုလ်လင်မယား အဖမ်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သုံးခွကျေးရွာအနီးမှာရှိတဲ့ PDF ဂိတ်စခန်းတစ်ခုကို လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။