အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လ ၉ရက် ဒီနေ့မှာကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားအတွက် ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာထဲမှာ KNPP က အခုလို ထည့်သွင်းပြောဆိုထားတာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်မှာ ဗြိတိသျှထံက မြန်မာနိုင်ငံလွတ်လပ်ရေး ရယူပြီးချိန်ကစလို့ ဒီနေ့အချိန်ထိ ၇၇ နှစ် ကြာတဲ့တိုင်အောင် မြန်မာပြည်မှာ အာဏာရှင်အစိုးရအဆက်ဆက်က ပုံစံအမျိုးမျိုး၊ နာမည်မျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး ကရင်နီပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်များစွာဟာ အသက်အိုးအိမ်တွေ ပေးဆပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကရင်နီတို့ရဲ့ စာပေ၊ ယဥ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ ကဏ္ဍပေါင်းစုံကို စစ်အာဏာရှင်တွေက မဟာလူမျိုးကြီးဝါဒနဲ့အတူ ချုပ်ခြယ်ဖိနှိပ်ကာ ကရင်နီမျိုးနွယ်စုတွေကို သွေးခွဲဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကရင်နီအမျိုးသားတွေဟာ ပပျောက်မသွားဘဲ ဆက်လက်ခိုင်မာစွာ ခုခံတော်လှန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခု ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က ထပ်မံအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝှမ်းက ပြည်သူလူထုဟာ အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ရရာလက်နက် စွဲကိုင်တော်လှန်နေကြတာကြောင့် စစ်တပ်က ယိုယွင်းပျက်စီးလာပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ပြည်သူလူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေ အပြီးတိုင်ဖျက်သိမ်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေပြီး စစ်အုပ်စုက နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့လုပ်ဆောင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရမယ်လို့ KNPP က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလို့ ပြည်သူတွေ ခေါ်ကြတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး ယာယီသမ္မတ(တာဝန်)၊ စစ်တပ်ဦးစီးချုပ် စတဲ့ ရာထူးတွေ ရယူထားတဲ့ စစ်ခေါင်းဆောာင် မင်းအောင်လှိုင်ကပဲ ဥက္ကဌအဖြစ် တာဝန်ယူမယ့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကိုလည်း အမြစ်ဖြုတ် ဖြိုခွဲနှိမ်နင်းရမယ်လို့ ဆိုထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ လက်ရှိတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တခြားသော တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
0 Shares:
You May Also Like
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကရင်နီနဲ့ ရှမ်းအစပ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုနေတယ်လို့ KNDF ပြော

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။