နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၈ ရက်ကနေ ယနေ့အထိ အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို နင်းဆွဲ၊ ဆွဲမိုင်းတွေနဲ့ ကြားဖြတ် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စခန်းအချို့ လက်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း ၊ အမှတ် ၈၀၄ တပ်ရင်း ၊ သရက်ခရိုင်တပ်ရင်း ၁ နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲ

0 Shares:
You May Also Like
Read More

ဒုံးပျံ Local PDF အဖွဲ့ ထုတ်လုပ်ထားသည့် တာဝေးပစ်အမြောက်ဖြင့် စစ်အုပ်စုကို စမ်းသပ်ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒုံးပျံ Local PDF ထုတ်လုပ်ထားတဲ့ တာဝေးပစ်အမြောက်လက်နက် ကြီးနဲ့ စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်း စစ်တပ်ဂိတ်ကို အနီးနားအထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ က အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး  ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ကာ မြေပြင်ကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။ 
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းက မင်္ဂလာပျူစခန်း၊ ပန်းရံပျူစခန်း၊ သီးလုံးပျူစခန်း၊ ဆိပ်ခွန်စခန်းနဲ့ မင်းကုန်း စစ်တပ်အထိုင်စခန်းတွေကို ၇ ရက်တာအတွင်း ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ HG FIGHTERS-Shwe Bo အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက် မနေ့ည ၈ နာရီခွဲဝန်းကျင်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။