မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force – MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲတဲ့ သြဂုတ်လ ၆ရက်နေ့က မြင်းခြံခရိုင် တောင်သာမြို့ပေါ်တာဝန်ကျနေတဲ့ စစ်ကော်မရှင် တပ်သား၁ယောက်ဟာ MA2 သေနတ် ၁လက်နဲ့ ခဲယမ်းတွေယူဆောင်ကာ Myingyan Twenty one Guerilla Force – MTGF တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့ဆက်ပြီးတော့လည်း အကြမ်းဖက်စစ်ကော်မရှင်လက်အောက် တာဝန်မထမ်းဆောင်လိုတော့ဘဲ ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းခိုလှုံချင်သူတွေအတွက် တပ်ဖွဲ့က အမြဲတမ်းကြိုဆိုနေကြောင်းနဲ့ လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူပေးသွားမှာဖြစ်ကြောင်း Myingyan Twenty one Guerilla Force-MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်တပ်ရင်း(၂) ၊ တပ်ခွဲ (၁) တဖြစ်လဲ Myingyan Twenty one Guerilla Force – MTGF တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ လက်နက်ကိုင်တော်လှန်နေတဲ့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

လူငယ်ထုကို ချနင်းကာ အာဏာတည်ဆောက်နေသည့် စစ်အုပ်စုကို တော်လှန်ဖို့အတွက် NUG နှင့် NUCC ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် GSCB အကြံပြု

တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုပြီး လူငယ် ၇၀၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က အကြံပြုတိုက်တွန်းထားပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ပြည်သူများကို ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးဝါးကုသမှုပေး… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေကို ကျန်းမာရေး အသိပညာပေး ဟောပြောပြီး အခမဲ့ဆေးဝါးကုသမှုပေးကာ အလှူရှင်တွေကိုယ်စား အလှူငွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ညောင်ဦး ပ.က.ဖ တပ်ခွဲဲ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် 21 Bagan-People Defense Force အနေဖြင့် Local PDF အဖြစ် ပြောင်းလဲရပ်တည်မည်

ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan - People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။