တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ဒီနေ့ ညနေ ၄နာရီကျော် အချိန်မှာ ပေါင် ၂၅၀ ဗုံး ၃လုံး လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသားတစ်ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၇လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲမှု ၆ ကြိမ်လုပ်ဆောင်ခဲ့တာပါ။ အဲ့လိုတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ၂ယောက်သေဆုံးပြီး အမျိုးသမီး ၁ယောက်နဲ့ အမျိုးသား ၄ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၁၈ လုံးနဲ့ စာသင်ကျောင်း ၁ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိ အမြဲရှိဖို့၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့နွေဦးတော်လှန်ရေး (၄)နှစ်မြောက်အဖြစ် ပြုလုပ်တဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference မှာ NUG လူ့အခွင့်အရေးဝန်ကြီး အွန်လိုင်းကနေ အမှာစကားပြော

အီတလီနိုင်ငံမှာ မြန်မာ့နွေဦးတော်လှန်ရေး (၄) နှစ်မြောက်အနေနဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference ကို ဖေဖော်ဝါရီလ (၁) ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မည်သည့်ပွဲမှ လတ်တလော မကျင်းပရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အမျိုးသမီးတစ်ဦးကို ကာလပေါက်စျေး သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရ

နေပြည်တော်မှာနေထိုင်သူ အမျိုးသမီးတစ်ယောက်ကို ကျပ်သိန်း၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။