စစ်ကောင်စီမှ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာအနှံအပြားမှာ ၉ လေးလုံးထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန် ထားပါတယ်။

မနေ့သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ (၃၇) ကြိမ်မြောက် ၈ လေးလုံးအထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ရဲ့ အထင်ကရနေရာအနှံ့အပြားမှာ ၈ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့နဲ့ ရန်ကုန်မြို့နေ ပြည်သူ များက ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူကို ရန်သူသဖွယ်သတ်ဖြတ်ချေမှုန်းနေပြီး အာဏာတည်မြဲရေးလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန်တွန်းလှန်တိုက်ထုတ်ကြဖို့ ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ကတပ်လှန့်နှိုးဆော်ထားပါတယ်။

Video-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

0 Shares:
You May Also Like
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF ဗျူဟာအမှတ် (၆) အပတ်စဉ် (၄) သင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆)၊ အပတ်စဉ် (၄) အခြေခံ စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီညမှာ ထုတ်ပြန်ပါတယ်။
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ တောင်ညိုစစ်ကြောင်း ထုတ်ပြန်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်း - P29906 က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းလေးဒေသ ကေလာရွာမှာ သေဆုံးသူ ၄၁ ဦးရှိပြီး အသက်ရှင်ကျန်ရစ်သူများအတွက် အကူအညီများ လိုအပ်နေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ အင်းလေးဒေသ ကေလာရွာမှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ခြေ ၇၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၁ သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။