ပဲခူးရိုးမနဲ့ မကွေးတိုင်းအရှေ့ခြမ်းမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ ရှေ့တန်းစခန်းငယ်တစ်ခုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ငွေကျပ်သိန်း ၅၀ တန်ကြေးရှိ ဆိုလာပစ္စည်းတွေနဲ့ ရိက္ခာတွေ ဆုံးရှုံးခဲ့ရကြောင်း တပ်ရင်းတာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစလို့ အကြမ်းဖက်စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်ကနေ ထွက်ခွာလာတဲ့ အင်အား ၆၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ စစ်ကြောင်းတွေ ခွဲထိုးရင်း ပဲခူးရိုးမအပါအဝင် အောင်လံ၊ ဆင်ပေါင်ဝဲနဲ့ တောင်တွင်းကြီးမြို့နယ်တွေဆီ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေ အင်အား ၅၀၀နဲ့ တစ်ကြောင်းထိုးသလို ကိုးပင်- သာဂရဘက်ကနေလည်း အင်အား ၁၀၀နဲ့ ထိုးပါတယ်။ နောက်ပြီး တောင်တွင်ကြီး၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်တွေက ထုတ်နုတ်အင်အား ၆၀နဲ့ ထိုးတယ်ပေါ့။ အင်အား ၃ကြောင်း ခွဲထိုးတဲ့သဘောပေါ့။” လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် အထက်ပါ စစ်ကြောင်းဟာ နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ ရှေ့တန်းစခန်းငယ်တစ်ခုကိုပါ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
“အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်း ပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။” လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ၊ မိုင်းထောင် တိုက်ခိုက်တာတွေအပြင် ထိတွေ့တိုက်ပွဲတွေနဲ့ပါ ခုခံခဲ့ရာမှာ စစ်ကော်မရှင်ဘက်က အယောက် ၇၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့လည်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၈၀၄ တပ်ရင်း၊ အမှတ် ၉၀၂ တပ်ရင်းတို့အပြင် သရက်ခရိုင်တပ်ရင်း ၁ နဲ့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းတွေ ပြန်လည် မဆုတ်ခွာသေးသလို နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံစာ – မီးရှို့ဖျက်ဆီးခံထားရသည့် တပ်ရင်း ၈၀၄ စခန်းပုံများနှင့် တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့နယ်က ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို မြို့နယ် ပကဖ ရိက္ခာ‌ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅) မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါနှင့် ပေါက်ရှိ ကပစစက်ရုံနှင့် ခြေလျင်တပ်ရင်းတို့အား ရော့ကတ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရေတာရှည်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ နေပြည်တော် PDF က ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန ၊ နေပြည်တော်PDF ၊ တပ်ရင်း (၉၀၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။