ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုများနှိမ်နင်းရေးဌာန (TCSD) တို့က Skyfall စစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ငွေကြေးလိမ်လည်သူတွေဟာ စတော့ရှယ်ယာ အရောင်းအဝယ်ကို ဗန်းပြပြီး လူတွေကို Line group တစ်ခုထဲ ဝင်ရောက်စေကာ အစပိုင်းမှာ ယုံကြည်လာအောင် အရောင်းအဝယ်လုပ်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် VIP group ထဲကို ထပ်မံဝင်ရောက်စေကာ Ulela Max ဆိုတဲ့ အက်ပလီကေးရှင်းကို ဒေါင်းခိုင်းပြီး အမြတ် ၁၀ ရာခိုင်နှုန်း ရမယ်လို့ မက်လုံးပေးခဲ့ပါတယ်။

လိမ်လည်ခံရသူတွေဟာ အစပိုင်းမှာ လူလိမ်တွေရဲ့ အကောင့်တွေထဲကို ဘတ်သိန်းချီလွှဲကာ အမြတ်ပြန်ထုတ်လို့ ရခဲ့ပေမယ့် နောက်ပိုင်းကျမှ အလိမ်ခံရမှန်း သိလာကြတာပါ။
လူလိမ်တွေဟာ ကမ္ဘောဒီးယားအခြေစိုက် ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီဖြစ်တဲ့ Huione Pay ကို အသုံးပြု လိမ်လည်ခဲ့သလို ငွေကြေးတွေဟာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် သံသယရှိသူတွေထံ ငွေလွှဲပလက်ဖောင်းအမျိုးမျိုးကနေ ရောက်ရှိသွားပြီး မဲဆောက်မှာ ငွေထုတ်ယူကြတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက သံသယရှိသူ ၂၈ ယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၃ယောက်နဲ့အတူ ဘတ်ငွေ ၄၆ သန်းကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂ယောက်နဲ့ အမျိုးသမီး ၁ယောက်ကို ထိုင်းအထူးတပ်ဖွဲ့က ငွေကြေးခဝါချမှု အပါအဝင် ပုဒ်မ ၄ခုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CIB
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။