မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက်နေ့ကစလို့ ပခုက္ကူ-ရေစကြိုလမ်းပိုင်းအပါအဝင် ရေစကြိုမြို့ဝင်မြို့ထွက်ဂိတ်တွေကို ပခုက္ကူတပ်မ ၁၀၁ တပ်မှူးဆိုသူက လုံခြုံရေးအကြောင်းပြ ပိတ်ဆို့လိုက်တာဖြစ်ပြီး ကားတစ်စီးအတွက် ဆန် (၁)အိတ်၊ စားဆီ (၁) ပုံးနဲ့ စက်သုံးဆီ (၁) ပုံးကိုသာ သယ်ယူခွင့်ပြုတော့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါဟာ ရေစကြို မြို့နယ်အတွင်းက ကျေးရွာတွေဆီ ကုန်စည်စီးဆင်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။

“၂ ရက် ရှိပြီ၊ အဓိကက သူတို့မစိုးမိုးနိုင်တဲ့နယ်တွေကို ရိက္ခာဖြတ်တဲ့သဘောပါ။ ပြည်သူတွေရော ဈေးသည် ဈေးဝယ်တွေရော အတော်အဆင်မပြေဖြစ်နေကြတာကို လုပ်တာ။ ဈေးသည်တွေက စခဗိုလ်မှူးကို သွားပြောကြတော့ ၁၀၁ တပ်မမှူးက အမိန့်ပေးထားလို့ လုပ်တာပေါ့။ ရေစကြိုမြို့နယ်ကို စစ်အုပ်ချုပ်ရေးထဲပါလို့ ဖြတ်လေးဖြတ်လုပ်ထားတာတဲ့” လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်ကော်မရှင်လက်ပါးစေ စစ်သား၊ ရဲနဲ့ ပျူစောထီးဆိုသူတွေက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စောင့်ဆိုင်းရင်း မြို့ပေါ်ကနေ ကုန်စည်သယ်လာတဲ့ ထော်လာဂျီ၊ သုံးဘီးနဲ့ ကားတွေကို သတ်မှတ်ကုန်အတိုင်း မသယ်ကြောင်းတွေ့ရရင် အနုကြမ်းစီး ဓားပြတိုက် ယူထားတတ်တယ်လို့လည်း သိရပါတယ်။

ဒါဟာ စစ်ကော်မရှင်ရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်ပိုင်း ရေစကြိုမြို့နယ်ကို စစ်အုပ်စုတွေက ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာတာဖြစ်သလို ဆိုင်ကယ် ၁စီး ၂ယောက်စီးခွင့်မရှိတာ၊ အကြောင်းမဲ့ လူဖမ်းဆီးတာနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေလည်း ဆက်တိုက်ဆိုသလိုရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၄) ရက် နေ့လယ်ပိုင်းကလည်း ရေစကြိုမြို့ပေါ် စည်ပင်ပန်းခြံအတွင်းကနေ ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကြောင့် ဖြုံဘူးကျေးရွာနေ အသက် (၂) နှစ်အရွယ် ကလေးငယ်၁ယောက် ဦးခေါင်းကို လက်နက်ကြီး ကျည်စထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကော်မရှင်အဖွဲ့ဝင်တွေဟာ လက်ရှိမှာ ပခုက္ကူမြို့ပေါ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့် အရေအတွက်ကို အရင်ထက် ပိုမိုကန့်သတ်လိုက်ပြီး နှောင့်ယှက်စစ်ဆေးတာတွေလည်း ပိုမိုလုပ်ဆောင်လာကြောင်း သိရပါတယ်။

ပခုက္ကူမြို့ဆီ ‌ဈေးကားသွားသူတွေအနေနဲ့ မြို့အဝင်မှာကတည်းက ကားတစ်စီးကို ဘယ်လောက်သာ သယ်ခွင့်ပြုကြောင်း နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ အသိပေးခံထားရပြီး သတ်မှတ်နူန်းထက် ပိုသယ်မိရင် ဒဏ်ငွေဆောင်ရတာ၊ ပစ္စည်းသိမ်းခံရတာမျိုးတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရေး​အခြေအနေတင်းမာမှုတွေကြောင့် လမ်းပိုင်းများ အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်တွန်းအသိပေး…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ ထားဝယ် အမျိုးသမီး သမဂ္ဂကနေ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့" အထိမ်းအမှတ်အနေနဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး "နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု" ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။