ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

ဩဂုတ်လ ၅ ရက်နေ့မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်း တပ်မတော်က ရဲဘော် ကျော်ဇင်ငြိမ်း (ခ) လမင်းဟာ လက်နက်ကြီးထိမှန်ကာ ကျဆုံးသွားခဲ့တာဖြစ်ပြီး တခြားရဲဘော် ၄ ယောက်ထက်မနည်း ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“ဗန်းမော်မှာကျတယ်၊ လက်နက်ကြီးကျည်ထိမှန်ပြီးကျဆုံးသွားတာ။ အစ်ကိုတို့ တပ်ရင်းအနေနဲ့ ဗန်းမော်မှာ ၅ ယောက်ရှိပြီ ပေးဆပ်ရတာ.. ခွဲမှူးတစ်ယောက်လည်းပါတယ်။ ဒီကလေးကလည်း အရမ်းလိမ္မာတယ်၊ တော်တယ်၊ ရဲဘော်အကုန်လုံးကလည်း သူ့ကိုဝိုင်းချစ်ကြတယ်” လို့ ယင်းမာပင်တပ်ရင်း (၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက မောင်းကို ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဲဘော် ကျော်ဇင်ငြိမ်း (ခေါ်) လမင်း

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော် ကျော်ဇင်ငြိမ်း (ခ) လမင်းကို စခန်းထဲပြန်သယ်လာဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့် လိုင်ဇာမှာပဲ သဂြိုဟ်ပေးလိုက်ရပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေ တပ်ရင်းကိုပြန်လာတဲ့အခါမှာ ရက်လည်လုပ်သွားပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ရုပ်အလောင်းက ပြန်ရတယ်။ လိုင်ဇာမှာ ပြုလုပ်ခဲ့တယ်။ သယ်ဖို့ဆို မလွယ်ဘူး။ လမ်းခရီးက အခုမိုးတွင်း နဲ့ဆိုရင် ၅ ရက်လောက် သွားလာရတာ ဒါတောင်မသေချာဘူး အဲဒါကကြောင့် ဟိုမှာပဲ ပြုလုပ်လိုက်တယ်။ ကျန်တဲ့ရဲဘော်တွေ မိခင်တပ်ရင်းပြန်လာတဲ့အခါကျမှ ဒီအရိုးပြာနဲ့ ရက်လည်တို့ ဒီကနေလုပ်ပေးရမယ် ” လို့ အထက်ပါ တပ်ရင်းမှူးက ဆက်ပြောပါတယ် ။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကစလို့  ဗန်းမော်မြို့သိမ်းတိုက်ပွဲ အခြေအနေ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ် ရဲ့  အလွန်အရေးပါတဲ့ နေရာတချို့ကို KIA နဲ့  ပူးပေါင်းတပ်တွေက  တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။

 

0 Shares:
You May Also Like
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ယောက် ပျောက်ဆုံးကာ (၂၂၅) ယောက် ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ယောက် ရှိပြီး စစ်သုံ့ပန်း (၁၀၂) ယောက် ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ်လ (၁၅) ရက်က စတင်တိုက်ခိုက် သိမ်းပိုက်ရာ အောက်တိုဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကော်မရှင် တင်းကြပ်ထားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားရ

အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို အားပေးကူညီ ဝင်ပြိုင်ကြသည့် NLD ပါတီဝင် အယောက် ၂၀ ကို ပါတီမှ ထုတ်ပယ်

အကြမ်းဖက်စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအတုမှာ ပါဝင်ကူညီနေကြတဲ့ NLD ပါတီဝင် အယောက် ၂၀ ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေက လုံခြုံရေးကိစ္စရပ်တွေကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို ညီနောင် ERO တွေနဲ့ ပူးတွဲပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေ စဥ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။