မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က ငါန်းမြှာကြီးရဲကင်းစခန်းကနေ မိုးထောင်ရွာဘက်မှ ကုန်းလည်ရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်းလည်ရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇူလိုင် ၁၀ ရက်ကလည်း ငါန်းမြှာကြီးရဲကင်းစခန်းကနေ ပေါက်တောရွာသို့ စစ် ကြောင်းထိုးဝင်ရောက်ပြီး နတ်ကြီးရွာဘက်သို့ လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ထွက်ကင်းတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ ရက်မှာတော့ ပေါက်တောရွာမှ နတ်ကြီးရွာဘက်သို့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်လေယာဉ်နဲ့ နတ်ကြီးရွာထဲကို ဗုံး ၆ လုံးကြဲချခဲ့ပြီး စက်တပ်လေထီးနဲ့ ဗုံးသီး ၂လုံးကြဲချသလို စက်သေနတ်နဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့မှုအတွင်း စစ်ကောင်စီတပ် သား အများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း၊ အမရပူရမြို့နယ် ပ.က.ဖ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ CDMSOM မြောင် ဗိုလ်စင်စစ်ကြောင်း၊ မြင်းခြံမြောက်ပိုင်းသားပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း၊ TGYR ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း၊  မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ၊ ငါန်းဇွန်မြို့နယ် ပ.လ.ဖ၊ သစ္စာလနကြီးတပ်ဖွဲ့၊ အောင်တံခွန်ပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ် လဝကရုံးရှေ့မှာ ဂိတ်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာရှိတဲ့ လဝကရုံးရှေ့မှာ ဂိတ်ချပြီး စစ်ဆေးရေး လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲထံက သိရပါတယ်။
Read More

ဟင်္သာကြီးပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု အများအပြားသေပြီး လက်နက်ခဲယမ်းများ ရရှိ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဟင်္သာကြီးပျူစခန်းနဲ့ စစ်တပ်စခန်းကုန်းတွေကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးနှင့် အသံတိတ်သပိတ်အတွက် ဒေါက်တာ တေဇာဆန်းတို့အဖွဲ့ မန္တလေးဈေးချိုအနီး ဆန္ဒပြ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

BPLA မှ အညာဒေသတိုက်ပွဲတွေအတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

''ကိုယ့်ဘက်က စစ်ဦးသာနေချိန်မှာ ရန်သူကို အနားမပေးပါနဲ့။ စစ်အုပ်စုကို တကယ်အမြစ်ဖြတ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း မနားပါနဲ့''လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အသိပေးထုတ်ပြန်ထားပါတယ်။