စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ ဇူလိုင်လအထိ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက်ဟာ စစ်မှုထမ်း တပ်သား ၁၈ ယောက်ကို ခေါ်ဆောင်ပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေဟာ လက်နက်ငယ် ၃ လက်၊ ကပစကျည် ၈၀၀ ခု၊ ကျည်ဘောက် ၂၀ ခု၊ လက်ပစ်ဗုံး ၈ လုံးတို့ကိုလည်း ယူဆောင်ပြီး အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်း တပ်သားသစ် ၁၈ ယောက်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရကာ စစ်သင်တန်း တက်ရောက်ပြီးနောက် ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

လက်နက်ငယ်တွေ ယူဆောင်လာတဲ့ စစ်သားတွေကို ဆုငွေကျပ်သိန်း ၅၀ ပေးအပ်ခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ မိသားစုနဲ့ အဆက်အသွယ်ရရှိရေးတို့အတွက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။