ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။

သြဂုတ်လ ၆ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုပ် ပါကန်ကျိုးပေါက်ပြီး အမှတ် (၅) ရပ်ကွက် ရွှေလမင်းဆီဆိုင်ရှေ့ လမ်းမကြီးမှာ ရေကျော်မှုဖြစ်ပွားကာ ဖြတ်သန်းမောင်းနှင်နေတဲ့ ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ခြောက်ဘီးကား ၁ စီး ရေထဲမျောပါသွားခဲ့တယ်လို့ သိရပါတယ်။ 

ကားပေါ်မှာပါတဲ့ လူ ၂ ယောက်လည်း ပျောက်ဆုံးနေပြီး သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့ပြင် ရေစီးသန်နေချိန် ဖြတ်သန်းမောင်းနှင်တဲ့ ဆိုင်ကယ် ၁ စီးလည်း ရေထဲမျောပါသွားပြီး မောင်းနှင်သူကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရါပတယ်။

နောင်ပိန်အမှတ် (၃) ရပ်ကွက်ရှိ အနိမ့်ပိုင်းနေအိမ်တွေလည်း ရေနစ်မြုပ်လျက်ရှိပြီး ပြောင်းဖူးခင်း၊ ကြံခင်းနဲ့ စိုက်ခင်းဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Video – U Sai Nay Aung

0 Shares:
You May Also Like
Read More

စလင်း-ဆင်ဖြူကျွန်းကားလမ်းတွင် ဖမ်းဆီးမိခဲ့သည့် စစ်တပ်ထုတ်ကုန် Myanmar Beer များအား ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာ ဖမ်းဆီးမိတဲ့ စစ်တပ်ထုတ်ကုန် Myanmar Beer တွေကို ရှင်းလင်းခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ လုံခြုံရေးလိုက်ပါလာတဲ့ ကြေးနီတင်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ မန္တလေးဘက်ကို အကြမ်းဖက်စစ်သား အစောင့်အရှောက်တွေနဲ့ မောင်းနှင်လာတဲ့ ကြေးနီတင်ယာဉ်တွေကို နိုဝင်ဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မအူရွာထိပ်ကနေ အသင့်စောင့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မဂျီကျေးရွာ အထိုင်ချ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ အင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့ လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါနစစ်ကြောင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နှစ်သစ်ကူးည ပျဉ်းမနားမှာ မီးလောင်ပြီး လူဦးရေ ၃၄၀ ကျော် မီးဘေးသင့် (ရုပ်/သံ)

နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး လူဦးရေ ၃၄ဝ ကျော် မီးဘေးသင့်ကာ အကူအညီတွေလိုအပ်နေတယ်လို့ မိုးစေတနာပရဟိတအသင်းက အသိပေးထားပါတယ်။