Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသား အယောက် ၂၀၀ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်သူတွေဟာ (၁၈) မှ (၄၀) နှစ်အတွင်း၊ ပညာအရည်အချင်း ၈ တန်းအထက်၊ စစ်သင်တန်းတက်ရောက်နိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေးကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ်အမြတ် ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် သံဓိဌာန်ချထားသူ၊ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ အထက်တာဝန်ရှိသူမှ ပေးအပ်တဲ့ တာဝန်နဲ့ အမိန့်ကို တိ ကျသေချာစွာ လိုက်နာနိုင်သူ၊ ရာဇဝတ်မှုကင်းရှင်းသူ၊ နည်းပညာအား စိတ်ပါဝင်စားသူ၊ တော်လှန် ရေးအပေါ် သစ္စာရှိသူ စတဲ့အချက်တွေနဲ့ ကိုက်ညီသူတွေဟာ Justice Soldier PDF ကို ဆက်သွယ် ကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Video – Justice Soldier PDF Official

0 Shares:
You May Also Like
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

ရွာမီးရှို့ပြီး ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၈ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မြောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖထံက သိရပါတယ်။
Read More

ရန်ကုန်မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။
Read More

တောင်ကြီး-ဟိုပုံးလမ်းပိုင်းမှာ ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ရာမှာ မီးလောင်မှုဖြစ်ပြီး လူ ၂ ယောက်သေဆုံးကာ ယာဉ် ၅ စီးမီး‌လောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီး-ဟိုပုံး ပြည်‌ထောင်စုလမ်းပိုင်းမှာ မေလ ၂၃ ရက် မနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှာ ယာဉ် ၅ စီးဆင့်တိုက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။ ဆိုင်ကယ်နှစ်စီးအပါအဝင် ကား၃ စီး မီးလောင်ခဲ့ပြီး မီးလောင်သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်း-မုံရွာလမ်းပိုင်းတွင် ပြည်သူများအား ဖမ်းဆီးငွေညှစ်ပြီးပြန်လာသည့် ထွေအုပ်စာရေးနှင့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၇ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကံတလူတိုးဂိတ်ကနေ ပြည်သူတွေထံက ဖမ်းဆီးငွေညှစ်ပြီး ပြန်လာတဲ့ ထွေ/အုပ်စာရေး ကျော်ရဲလွင်နဲ့ အပေါင်းအပါစစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ”ငုံ့မခံနဲ့ တုံ့ပြန်၊ အံတုတွန်းလှန်ဖက်ဆစ်ဒဏ်”စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နှစ်ငါးလုံးလှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။