Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသား အယောက် ၂၀၀ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်သူတွေဟာ (၁၈) မှ (၄၀) နှစ်အတွင်း၊ ပညာအရည်အချင်း ၈ တန်းအထက်၊ စစ်သင်တန်းတက်ရောက်နိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေးကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ်အမြတ် ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် သံဓိဌာန်ချထားသူ၊ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ အထက်တာဝန်ရှိသူမှ ပေးအပ်တဲ့ တာဝန်နဲ့ အမိန့်ကို တိ ကျသေချာစွာ လိုက်နာနိုင်သူ၊ ရာဇဝတ်မှုကင်းရှင်းသူ၊ နည်းပညာအား စိတ်ပါဝင်စားသူ၊ တော်လှန် ရေးအပေါ် သစ္စာရှိသူ စတဲ့အချက်တွေနဲ့ ကိုက်ညီသူတွေဟာ Justice Soldier PDF ကို ဆက်သွယ် ကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Video – Justice Soldier PDF Official

0 Shares:
You May Also Like
Read More

ကင်မ်ဂျုံအန်း၏ DNA မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့သည့် ပစ္စည်းများကို မြောက်ကိုရီးယားကိုယ်ရံတော်များ ရှင်းလင်းရေးပြုလုပ် (ရုပ်/သံ)

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အောင်ပွဲနေ့စစ်ရေးပြပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ DNA နမူနာတွေ မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကိုယ်ရံတော်တွေက ရှင်းလင်းကြပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ အတွင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှတ်တမ်းများကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ၏ ၂၀၂၄ ခုနှစ် စစ်ရေးသတင်းအကျဉ်းချုပ်နဲ့ သိမ်းဆည်းရရှိမိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပါအဝင် စစ်ဆင်ရေးမှတ်တမ်းတွေကို တောင်ပိုင်းစစ်ဒေသက ရုပ်သံနဲ့ တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု ရုပ်သံထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့တဲ့ ဘုတလင်မြို့နယ်က တိုက်ပွဲရုပ်သံကို ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု ကဒီနေ့ အောက်တိုဘာလ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။