မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဩဂုတ်လ ၇ ရက် မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ကျောနတ်ထိပ်ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ ထွက်လာပြီ မျက်မြောင်ရွာထဲကို ဝင်ရောက်သွားကာ ရွာထဲက ဒေသခံ ၁၀ ယောက်ခန့်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

“ကျား ၁၀ဦးဝန်းကျင်လောက် စစ်ကြောင်းနောက်ပါသွားတယ်လို့ ကနဦးသိထားပါတယ်ဗျ။ အတိအကျတော့ မသိရသေးပါဘူး။ အရင်နေ့က တောင်ယာလုပ်နေရင်း တောထဲမှာ ၄ဦးလောက်ဖမ်းမိတယ်။ ဒီနေ့ ရွာဝင်တဲ့အချိန်မှာ နောက်ထပ်ဖမ်းမိတယ်” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေနဲ့အတူ ရေမျက်နီ စခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားပေမယ့် ဒေသခံတွေဟာ ကြောက်လန့်ပြီး ကျေးရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင်ခြင်း မပြုလုပ်သေးဘူးလို့ ဆိုပါတယ်။

“ထွက်ပြေးတဲ့လူတချို့တော့ လူငယ်လူရွယ်ပိုင်းတွေကတော့ ပြန်ဝင်တာမျိုးမရှိသေးဘူး။ တောထဲမှာပဲ ရှောင်တိမ်းနေတယ်။ တချို့ကလည်း တခြားရွာတွေမှာ ရှောင်နေရတာမျိုး၊ စစ်ကြောင်းကလည်း မျက်မြောင်ရွာနဲ့ မလှမ်းမကမ်းမှာပဲ ရှိနေသေးတာဆိုတော့ အကုန်လုံးတော့မဝင်သေးဘူး” လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အရင်က စစ်ကောင်စီတပ်သားတွေဟာ မျက်မြောင်ရွာကို ဘေးက ပတ်ထွက်သွားတာမျိုးပဲ ရှိခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ ရွာထဲကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ်တွင် အတုအယောင်ရွေးကောက်ပွဲ မဲမပေးရေး “NO VOTE” စာတန်းကိုင်ဆောင် ဆန္ဒပြ

ရန်ကုန်မြို့လယ်က ဒဂုံမြို့နယ်အတွင်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က "NO VOTE" စာတန်းကိုင်ဆောင်ကာ အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က မျက်မြင် ၆ ယောက် သေ၊ လက်နက် ၁၈ လက်နဲ့ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီ စစ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်က မျက်မြင် ၆ ယောက်သေပြီး လက်နက် ၁၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၈) စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။