တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့ သတိပေးထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးသူလျှိုကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကော့သောင်းမြို့နယ်၊ မလိဝမ်းတိုက်နယ်၊ အောင်မေတ္တာကျေးရွာအုပ်စု၊ ဆယ်အိမ်စုမှာ နေထိုင်သူ ပုပ်ပုပ် (ခ) နေလင်းအောင်ဟာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖြန့်ဖြူးပြီး လက်နက်ကိုင်ဆောင်ကာ စစ်တပ်စစ်ကြောင်းတွေမှာ လမ်းပြအဖြစ် ဆောင်ရွက်တာတွေအပြင် တော်လှန်ရေးအင်အားစုတွေကို စောင့်ကြည့်လေ့လာကာ သတင်းပေးပို့တာတွေ လုပ်ဆောင်နေခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုလုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ ပုပ်ပုပ် (ခ) နေလင်းအောင်ကို တော်လှန်ရေးအင်အားစုတွေက အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီး သူကလည်း နောက်နောင်မလုပ်ဆောင်တော့ဘဲ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းကမ်းတွေကို လိုက်နာမယ့်အကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးထားခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ က ဆိုပါတယ်။

ဒါပေမယ့် ပုပ်ပုပ် (ခ) နေလင်းအောင်ဟာ တော်လှန်ရေးအင်အားစုတွေအနီး ထပ်မံ လာရောက်စုံစမ်းနေချိန်မှာတော့ ကော့သောင်းမြို့နယ် ပကဖ က ဩဂုတ်လ ၆ ရက်မှာ တွေ့ရှိပြီး ရှင်းလင်းခဲ့တယ်လို့ အသိပေးထားပါတယ်။

“သူက အရင်ကျနော်တို့ရှင်းခဲ့တဲ့ ချောကလက်ဆိုတဲ့ စစ်တပ်သတင်းပေး မူးယစ်ဆေးရောင်းသမားထက် ပိုဆိုးပါတယ်။ ဘာလို့ဆို သူက သတင်းပေးရုံ စုံစမ်းရုံမကပဲ လမ်းပါပြပေးတာပါ။ အရင်က ကျနော်တို့က သူ့ကိုဖမ်းပြီး စစ်ဆေးဖူးတော့ သူက ကျနော်တို့စခန်းတွေကို သိသင့်သလောက်သိထားတယ်။ သူ့ကြောင့် ပြေးခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့်ရှင်းလင်းခဲ့ရတာပါ” လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။

ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်အတွင်း လူငယ်တွေကို ပျက်စီးစေတဲ့ စိတ်ကြွဆေးပြား (WY) ရောင်းဝယ်သုံးစွဲမှုတွေ နေရာအနှံ့ များပြားလာနေတာကြောင့် ရောင်းဝယ်သူ၊ သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် MDY-PDF က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK) ရဲ့ (၇၅) နှစ်မြောက်ပအိုဝ်း တော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနား (ဓာတ်ပုံသတင်း)

(၇၅) နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနားနဲ့အတူ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ရဲ့ သင်တန်းဆင်း ရဲဘော်တွေက သစ္စာရေသောက်ခြင်းနဲ့ တပ်ရင်းဆီ ပြန်လည်အပ်နှံ တပ်တော်ဝင်ခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

တစ်နှစ်အတွင်း MBT တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကနေ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးစေခဲ့

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။