အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။

ကာလုံမှာ ယာယီသမ္မတ ရာထူးယူထားတဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ ရှိတယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ဩဂုတ်လ ၅ ရက်က ထုတ်ပြန်ပြီးနောက် ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံမှ ဆင်းလာကာ နေအိမ်မှာပဲ ဆက်လက် ကုသမှုခံယူခဲ့ပေမယ့် ဇူလိုင်လ ၂၄ ရက်မှာ အမှတ် (၂) စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ထပ်မံတက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကစတင်ပြီး ဦးမြင့်ဆွေဟာ နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိလည်း စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာ သွားရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုခန့် ယာယီသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အထိ NLD အစိုးရသက်တမ်းတလျှောက် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်နေခဲ့သူဖြစ်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်နဲ့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး  မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခဲ့ကာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဦးစီးဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်း ဖြစ်ပွားချိန်ကလည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူထားတဲ့ မြင့်ဆွေဟာ ရဟန်းရှင်ပြည်သူတွေကို ကိုယ်တိုင်ကွင်းဆင်းကာ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့သူ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းတွင် ဖွံ့ဖြိုးရေးကျောင်းထဲရှိ စစ်သားများ လက်နက်ကြီးပစ်ခံရကာ ထိခိုက်မှုများပြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ဖွံ့ဖြိုးရေးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

NLD ဒုဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား ဩစတြေးလျမှာ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Werribee မှာ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနား" ကို နိုဝင်ဘာလ (၉)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။