မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက နွားထိုးကြီးမြို့နယ် ကနား-ပြင်စည်လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်သား ၅ ယောက် စီးနင်းလာတဲ့ကားကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ကားပေါ်ပါလာတဲ့ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားကာ M-79 ၁ လက် ၊ MA-3 ၃ လက် ၊ 5.56 ကျည် ၂၁၅ တောင့် ၊ ၄၀ မမ ၁ လုံး ၊ လက်ပစ်ဗုံး  ၁ လုံးနဲ့ ကျည်ဘောက် ၅ ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ရှင်းလင်းခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Natogyi People Defence Force

0 Shares:
You May Also Like
Read More

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆို (ရုပ်/သံ)

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ ရုပ်သံဖိုင်ကို သပိတ်ကျင်းမြို့နယ်  ပ.က.ဖ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
Read More

အမျိုးသမီးစစ်သည်များ ပါဝင်ခဲ့သည့် မြိုင်ပကဖ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ်ခဲ့တဲ့ ရုပ်သံဖိုင် Dragon Brothers Task Force ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ် ခဲ့တဲ့ ရုပ်သံဖိုင်ကို Dragon Brothers Task Force မှ ထုတ်ပြန်လိုက်ပါတယ်။