စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက် ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါ တပ်ရင်းထဲကို ၆ လက် ဒရုန်းအသုံးပြုကာ 3 kg ဒရုန်းဗုံးသီး ၂ လုံးနဲ့ 1 kg ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှု လုပ်ဆောင်ချိန်ဟာ လေ့ကျင့်ရေးတပ်ရင်းဝန်းအတွင်း စစ်ကော်မရှင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီတန်းနေချိန်ဖြစ်တာကြောင့် လူအုပ်ကြားထဲ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲပြီး  ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ အောင်သပြေညီနောင် (ကျောက်ဆည် PDF) က ထုတ်ပြန်ပါတယ်။

ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် အောင်သပြေညီနောင် (ကျောက်ဆည် PDF) နှင့် တပ်ဖွဲ့ဝင်များ

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်က ၁၅ယောက် နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အယောက် ၅၀နီးပါးရှိခဲ့ကြောင်း၊ သေဆုံသူတွေထဲ ၂ပွင့်အရာရှိပါဝင်ပြီး နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

“တိကျတဲ့သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ နှစ်ပွင့်ဗိုလ်သေပြီး သူ့အိမ်လည်းပြိုကျပျက်စီးပါတယ်။ နောက်ပြီး သူရဲ့သားလည်း ဆေးရုံမှာ အသည်းအသန်ဖြစ်နေပါတယ်” လို့ အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်ဘက် အထိအခိုက်များခဲ့တဲ့ ဒီဒရုန်းတိုက်ခိုက်မှုကို အောင်သပြေညီနောင် (ကျောက်ဆည် PDF) နဲ့အတူ ကျောက်ဆည်ခရိုင် အမှတ် (1844) ဒရုန်းတပ်ရင်းနဲ့ မိုက်တူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေး၊ ကျုံလောင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
Read More

ရွှေဘိုမြို့နယ်တွင် မပေါက်ကွဲသည့် ဟောင်ဝစ်ဇာဗုံးသီးကို မြို့နယ်ပကဖ ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ ဟောင်ဝစ်ဇာဗုံးသီးကို ဩဂုတ် ၁ ရက်မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။