စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သြဂုတ်လ ၆ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ်၊ မခေါက်ရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြို့အရှေ့မြောက်ဘက်မှာရှိတဲ့ ထုံးဘိုကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အရပ်သားတွေကိုလည်း ဖမ်းဆီးထားကြောင်းသိရပါတယ်။

စစ်အုပ်စု မီးဝင်ရှို့ခဲ့တဲ့ ကျေးရွာဖြစ်စဥ် အပါအဝင် အရပ်သားဖမ်းဆီးခံရမှု အသေးစိတ်ကိုတော့ မောင်းအနေနဲ့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ ဝက်လက်မြို့အထိုင်ကနေ မြို့ပြင်ထွက်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ခဲ့သလို ရှိမ်းမကားတပ်ထဲကနေလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိကြောင်း သိရပါတယ်။

“ဒီနေ့ တစ်ရက်ထဲမှာပဲ ဝက်လက်မြို့နယ်ထဲက စကစ အထိုင်စခန်းတွေ လှုပ်တယ်ပြောရမယ်။ မခေါက်ကကောင်တွေလည်း ထုံးဘိုကို မီးဝင်ရှို့တယ်။ စစ်ကြောင်းတွေများနေလို့ ပြည်သူတွေ ဒုက္ခ တော်တော်ရောက်နေကြတယ်။ ” လို့ ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေဟာ ဝက်လက်မြို့နယ် စဉ့်ကိုင်(မြောက်) ရွာအတွင်းမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကပြောပါတယ်။

“ထုံးဘိုကို စစ်ကြောင်းထိုးလာတာမှန်တယ်ဗျ။ အသေးစိတ်သိရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အခုဆို စစ်ကိုင်းဘက်ကလာတဲ့စစ်ကြောင်းကိုလည်း စဉ့်ကိုင်ဘက်မှာ ဆိုင်ထားရတယ်။ အဲ့စစ်ကြောင်းက တစ်ပတ်လောက်ရှိပါပြီ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကလည်း မောင်းကိုပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေထဲမှာ တော်လှန်ရေးအားကောင်းရာ ဝက်လက်မြို့နယ်လည်း ပါဝင်နေပြီး လက်ရှိအခြေအနေအရ မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းဝင် လူဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ဆုတ်သွားသည်အထိ တိုက်ခိုက်ရင်း မင်းကွန်းနယ်အတွင်းက ကျေးရွာ ၂ ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားတဲ့အထိ ခုခံတိုက်ခိုက်ရင်း လက်လွှတ်ထားခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

ရန်ကုန်​-ပြည်လမ်းပိုင်းအတွင်း လူကြီးလမ်းကြောင်းစောင့်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၈ဦးသေ ပစ်ခတ်မှုဖြစ်ရာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးလမ်းကြောင်းစောင့်နေတဲ့ စစ်အုပ်စုတွေ ထိတွေ့မှုဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီက မင်းလှမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ကျဉ်းတွေချန်ထားပြီး အကျဉ်းသား ၆၀၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် လွှတ်ပေး၊ ထုံးစံအတိုင်း ခိုးဆိုးလုနှိုက်တွေသာ လွှတ်ပေးတဲ့အထဲအများစု ပါဝင်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင်တွေတစ်ဦးမှ မပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။