မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၂၈၈မိုင်က ရဲကင်းစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲ ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် တပ်ရင်း အမှတ်(၃) ရဲ့ သတင်းတာဝန်ရှိသူ Kellyo က မောင်းကိုပြောပါတယ်။ 

သြဂုတ်လ ၅ရက်၊ မနေ့က မနက်အစောပိုင်းလောက်မှာ မိတ္ထီလာမြို့နယ်၊ တလင်းကုန်းတိုက်နယ်၊ အမြန်လမ်း ၂၈၈မိုင်/၇ဖာလုံမှာရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့ ၃ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“မနေ့ မနက် ၃နာရီခွဲ၊ ၄နာရီမက်တင်းလောက်မှာ အမြန်လမ်းပေါ်ရှိနေတဲ့ အဲ့ဒီစခန်းကို ဝင်တိုက်ခဲ့တယ်ပေါ့။ ရန်သူအင်အားက ၁၅ယောက်လောက် ရှိတယ်။ နာရီဝက်လောက်ကြာခဲ့တာမှာ ရဲ ၂ယောက် သေတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်” လို့ မိတ္ထီလာခရိုင် တပ်ရင်း အမှတ်(၃) သတင်းတာဝန်ရှိသူ Kellyo က မောင်းကိုပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို မိတ္ထီလာခရိုင် တပ်ရင်းအမှတ် ၃ နဲ့အတူ မြင်းခြံခရိုင် တပ်ရင်း ၈ နဲ့ မလှိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့နဲ့ ၅မိုင် ၆မိုင် ထက် ပိုမဝေးတော့တဲ့ အဆိုပါ ရဲစခန်းဟာ တလင်းကုန်းကျေးရွာအနီး တည်ရှိတာဖြစ်ပြီး မိတ္ထီလာအခြေစိုက် တပ်မ ၉၉ အပါအဝင် သီးကုံးအမြန်လမ်းရဲကင်း၊ ရွှေအုန်းပင် ဂိတ်စခန်းတို့နဲ့လည်း နီးတယ်လို့သိရပါတယ်။

“တိုက်ပွဲက မနက်အစောပိုင်းဖြစ်သလို တိုက်ပွဲဖြစ်နေတာတောင် ခရီးသွားကားတွေက သွားနေတာကို မရပ်ပေးဘဲ စွတ်မောင်းကြပါတယ်။ ဒါကို စစ်ကော်မရှင်နဲ့ ရဲတွေက ကာဗာယူပြီး တက်လာတယ်ပေါ့။ အဲ့မှာ အချိန်ကလည်း နာရီဝက်ကြာသွားသလို တပ်မ ၉၉ဘက်ကလည်း စစ်ကူတက်လာလို့ စခန်းကို မသိမ်းတော့ဘဲ အခြေအနေအရ ဆုတ်ခွာခဲ့လိုက်ပါတယ်။” လို့ မိတ္ထီလာခရိုင် တပ်ရင်း အမှတ် (၃) သတင်းတာဝန်ရှိသူ Kellyo က ဆိုပါတယ်။ 

လက်ရှိမှာတော့ အဆိုပါစခန်းအတွင်း မိတ္ထီလာခရိုင် ရဲတပ်ရင်းတွေနဲ့ စစ်ကော်မရှင်အဖွဲ့တွေ အင်အားထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် ဆွမ်းသွပ် တရားနာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနဲ့အတူ နှစ်ပြည့်ဆွမ်းသွပ် တရားတော်နာကြားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်ထွက်လာသည့် စစ်အုပ်စုများ နှစ်ဖက်ညှပ်တိုက်ခံရ၊ အထိအခိုက် အများအပြားဖြင့် ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အပြေးအလွှား ပြန်လည်ဆုတ်ခွာသွားကြကြောင်း Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း ငလျင်ဒဏ် ၅ ရက်တာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရကြောင်း  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။
Read More

တန်ပြန်ဒရုန်းနည်းဗျူဟာ တိုးတက်အောင် လုပ်ဆောင်ရန် သင်တန်းဆင်းစစ်သားများအား မင်းအောင်လှိုင်ပြော ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဟုလည်း လက်နက်နှင့်အာဏာသိမ်းထားသော စစ်ခေါင်းဆောင်ကဆို

စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုလာတာများပြားလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာနဲ့ ကာကွယ်ဖို့နည်းလမ်းတွေအတွက် နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ပြောလိုက်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပါ။
Read More

စစ်အုပ်စု မင်္ဂလာပွဲကျင်းပရာ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

"မင်္ဂလာပွဲက သူတို့အတွင်းအဖွဲ့တွေပါပဲ။ စစ်သားရယ်၊ ပျူစောထီးရယ်၊ ရဲတွေရယ်ပဲရှိတာပါ။ ပြည်သူတွေက မသွားပါဘူး။ သူတို့က ဟုတ်တဲ့ကောင်တွေမှ မဟုတ်တာ တော်ကြာနေ ပေါ်တာဆွဲနေရင် အခက်ဖြစ်မှာမလို့ မသွားကြပါဘူး။ ကျနော်တို့လည်း အခြားရွာထဲက ပြည်သူတွေ မထိအောင် အတော်ကြိုးစားပြီး ချိန်တွယ်ပစ်ခတ်ခဲ့ရပါတယ်။ မိုးကလည်း တအားသည်းနေပြီးတော်တော်ကို ကြိုးစားခဲ့ရပါတယ်။" လို့ COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။