မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းအရှေ့ပိုင်းက ရေဘေးသင့်ခဲ့သူတွေဖြစ်တဲ့ ညောင်လေးပင်မြို့နယ်မှာ (၁၇,၀၃၀) ယောက်၊ ကျောက်တံခါးမြို့နယ်မှာ (၃၄၂) ယောက်၊ ဖြူးမြို့နယ်မှာ (၁၃,၄၂၂) ယောက်၊ အုတ်တွင်းမြို့နယ်မှာ (၁၇,၅၈၈) ယောက်၊ ထန်းတပင်မြို့နယ်မှာ (၁၀,၃၇၇) ယောက်နဲ့ ရေတာရှည်မြို့နယ်က ရေဘေးသင့်ပြည်သူ (၃၃၆) ယောက် အတွက် အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါရေဘေးသင့်ပြည်သူတွေကို ဘေးကင်းတဲ့ နေရာတွေဆီ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့သလို အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မီရရှိနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပအဖအဖွဲ့၊ လူသားစာနာတာဝန်ခံတွေနဲ့ ချိတ်ဆက်ကာ ထောက်ပံ့ပေးနေတယ်လို့ NUG ဝန်ကြီးဌာနက ဆိုပါတယ်။

အခုလို ပြည်သူမှပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပကနေ လှူဒါန်းပေးတဲ့ စေတနာရှင်၊ အလှူရှင်တွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း အရှိန်ဟုန်မြှင့် စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ဦး သေဆုံးပြီး စခန်းနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

ထီးချိုင့်မြို့နယ်အတွင်း ပြည်သူများကို လေကြောင်းအန္တရာယ် အသိပညာပေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတချို့ရှိ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်နေရာတချို့မှာ ဇူလိုင်လအတွင်း လေကြောင်းရန်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့အတူ လေကြောင်း အန္တရာယ်ကို ကာကွယ်ဖို့ သရုပ်ပြ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကျေးရွာလူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မှာ ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

လူ ၂၀ ကျော် သေဆုံးခဲ့သည့် ချောင်းဦးဆီမီးသပိတ်မှ သေဆုံးသူများနှင့် ထိခိုက်သည့် ပြည်သူများကို ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးဝါးနှင့်ရိက္ခာများ မျှဝေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူတွေကို စစ်ကိုင်းဖိုရမ်ရဲ့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပြည်သူတွေကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ်တာဝန်ခံရဲ့ ဆေးအဖွဲ့ကလည်း ကုသပေးနေပြီး ကွန်ရက်ကနေ ကျပ်သိန်း ၂၂၅ သိန်းကျော် တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးဖက်သုံးပစ္စည်းတွေနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား အလင်းဝင်ရောက်လာဟု DPLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား အများအပြား အလင်းဝင်ရောက်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုလွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။