ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ SSNDF / KNDF ဗျူဟာအမှတ် ၉ ရဲ့ ဘဏ္ဍာရှာဖွေရေး တာဝန်ခံနဲ့ တပ်ရင်း အမှတ် ၁၀၃ က တပ်ဦးဆောင်တဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး မိန့်ခွန်းစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲဟာ ဧပြီလ (၁၇) ရက် သင်တန်းဆင်းပြီးချိန်က စတင်ပြီး ရှေ့တန်းမှာ စဥ်ဆက်မပြတ် တိုက်ပွဲဝင်နေတဲ့ တပ်ရင်း ၁၀၃ က ရဲဘော်အများစု စုံစုံလင်လင် ပြန်လည်ဆုံဆည်းနိုင်ခဲ့တဲ့ ဂုဏ်ပြုအခမ်းအနား တစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်ဆက် ထိတွေ့မှုဖြစ်၊ လက်နက်ခဲယမ်းနှင့် သုံးပန့်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီမှ အမည်‌ပြောင်းထားသည့် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” အဖွဲ့ဝင် ၁၀ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG ထပ်မံကြေညာ

လက်ရှိ ပြည်သူတွေ စစ်ကော်မရှင်လို့ ခေါ်ကြတဲ့ အာဏာသိမ်းစစ်တပ် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” အဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထပ်မံကြေညာလိုက်ပါတယ်။
Read More

ဒေါနတပ်ရင်းတွင် စစ်သားဘဝမှ PDF ရဲဘော်ဖြစ်လာသူ ၂၃ ဦးရှိပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ က စစ်ကောင်စီတပ်သား ၂ ယောက် ဖေဖော်ဝါရီလ ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG စိုးမိုးထိန်းချုပ် ဧရိယာများတွင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးစားမည့် စစ်ကော်မရှင်က ပြည်သူများကို ပိုမိုဒုက္ခပေးလာနိုင်ကြောင်း NUG ဝန်ကြီးချုပ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူများ၏ လိုလားချက်စာရင်းကို ကိုင်ပြီး စစ်ခေါင်းဆောင်နှင့် ဆွေးနွေးမည်ဟု မလေးရှား ပြော

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အာဆီယံရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တွန်းနှိုးတဲ့အနေနဲ့ လာမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာအစောပိုင်းမှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး သူစုစည်းထားတဲ့ “လိုလားချက်စာရင်း” နဲ့အတူ စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ Free Malaysia Today သတင်းမှာ ရေးသားထားပါတယ်။