အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ ဒီမနက်မှာ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ကာလုံမှာ ယာယီသမ္မတ ယူထားတဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ ရှိတယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက မနေ့က ထုတ်ပြန်ပြီးနောက် ဒီနေ့မှာ သေဆုံးသွားကြောင်း သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ် (၂) စစ်ဆေးရုံ ခုတင်(၁၀၀၀) မှာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံကနေ ဆင်းလာကာ နေအိမ်မှာပဲ ဆက်လက် ကုသမှုခံယူခဲ့ပေမယ့် ဇူလိုင်လ ၂၄ ရက်မှာ အမှတ်(၂) စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) မှာ ထပ်မံတက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။


ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကစတင်ပြီး ဦးမြင့်ဆွေဟာ နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိလည်း စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာ သွားရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုခန့် ယာယီသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အထိ NLD အစိုးရသက်တမ်းတလျှောက် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်နေခဲ့သူဖြစ်ပါတယ်။

စစ်တပ်လောဘီ တယ်လီဂရမ်ချန်နယ်များမှာတော့ ဦးမြင့်ဆွေသေဆုံးပြီဖြစ်ကြောင်း ဒီကနေ့မနက်မှာ ဖော်ပြခဲ့ကြပေမဲ့၊ ၄င်းသတင်းနဲ့ ပတ်သက်ပြီး မောင်းသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒုသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်နဲ့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခဲ့ခြင်းဖြင့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဦးစီးဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို တနိုင်ငံလုံး ဆန့်ကျင်ကြရန်နှင့် နိုင်ငံတကာက ကန့်ကွက်ကြောင်း သဘောထားများ အခိုင်အမာ ပြသကြရန် ကရင် ၂၅ ဖွဲ့ တိုက်တွန်းတောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်အဖွဲ့အစည်း ၂၅ ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။