အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ ဒီမနက်မှာ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ကာလုံမှာ ယာယီသမ္မတ ယူထားတဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ ရှိတယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက မနေ့က ထုတ်ပြန်ပြီးနောက် ဒီနေ့မှာ သေဆုံးသွားကြောင်း သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ် (၂) စစ်ဆေးရုံ ခုတင်(၁၀၀၀) မှာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံကနေ ဆင်းလာကာ နေအိမ်မှာပဲ ဆက်လက် ကုသမှုခံယူခဲ့ပေမယ့် ဇူလိုင်လ ၂၄ ရက်မှာ အမှတ်(၂) စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) မှာ ထပ်မံတက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။


ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကစတင်ပြီး ဦးမြင့်ဆွေဟာ နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိလည်း စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာ သွားရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုခန့် ယာယီသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အထိ NLD အစိုးရသက်တမ်းတလျှောက် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်နေခဲ့သူဖြစ်ပါတယ်။

စစ်တပ်လောဘီ တယ်လီဂရမ်ချန်နယ်များမှာတော့ ဦးမြင့်ဆွေသေဆုံးပြီဖြစ်ကြောင်း ဒီကနေ့မနက်မှာ ဖော်ပြခဲ့ကြပေမဲ့၊ ၄င်းသတင်းနဲ့ ပတ်သက်ပြီး မောင်းသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒုသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်နဲ့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခဲ့ခြင်းဖြင့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဦးစီးဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

စတုတ္ထအကြိမ် လေလံပွဲမှာလည်း ဝယ်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော် အကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် ၅၄

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တည်ရှိတဲ့ ခြံ အမှတ် ၅၄ ကို ကျပ်ငွေ ၂၇၀ ဘီလီယံနဲ့ ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတုတ္ထအကြိမ် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၉ ယောက် သေပြီး ၇ ယောက် အရှင်ဖမ်းမိ၊ ခဲယမ်းအများအပြားနဲ့ ကားကြီး ၅ စီး သိမ်းဆည်း ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း - ရောင်နီတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စခန်း စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ယောဗျူဟာ ဖမ်းမိ

ချင်းပြည်နယ်အတွင်း ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၄ ကနေ စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်တပ်ကင်းစခန်းအနီး တော်လှန်ရေးတပ်များ ချဥ်းကပ်စဥ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီး ကင်းပုန်းဝပ်ဖို့ ချဥ်းကပ်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။