တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေအတွင်း ကော်သူးလေစစ်တပ် (KTLA) ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၄ မှ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (‎KNU) – မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ် (၆)ရက် ဒီနေ့ မနက်ပိုင်းက ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က မေတ္တာ-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်(က‌ဆောဝါး)ရွာအနီးရှိ ဘုန်းကြီးကျောင်းအနားမှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်သားတွေ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

KTLA ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်(၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။‎

‎အဆိုပါ တိုက်ခိုက်မှုဟာ KNLA တပ်သားတွေက မေတ္တာမြို့အနီးတစ်ဝိုက် လုံခြုံရေး ယူဖို့ သွားနေချိန် KTLA  တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅၇ ဦးသေဆုံးပြီး ၉၈ ဦး ဒဏ်ရာရ၊ လက်နက်မျိုးစုံ ၅၈ လက်သိမ်းဆည်းရမိ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၇ ယောက် သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေကို ကျည်ကာ Vest နဲ့ Helmet တွေ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရှေ့တန်းက ရဲဘော်တွေကို အောက်တိုဘာ ၇ ရက်က ကျည်ကာတွေဖြစ်တဲ့ Vest နဲ့ Helmet တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတိုက်ခိုက်မှုကြောင့် ဦးပဉ္စင်းကြီး ၁ပါး ပျံလွန်တော်မူ၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် အရပ်သား ၄ ဦးကိုလည်း ညှင်းပန်းသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။