စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အောင်ချမ်းသာစခန်းနဲ့ မစိန်စခန်းတို့က စစ်သား (၁) ယောက်နဲ့ ပြည်သူ့စစ် (၁) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် (၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ခံစစ်စခန်းတစ်ခုဖြစ်တဲ့ အောင်ချမ်းသာကျေးရွာ စခန်းက ပြည်သူ့စစ်(၁) ယောက်ဟာ KO-12 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ ကျည် (၂၀) တောင့်နဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မစိန်ကျေးရွာစခန်းကနေလည်း စစ်သား (၁) ယောက်ဟာ MA-1 သေနတ် (၁) လက်၊ကျည်ဘောက် (၂) ခု၊ ကျည် (၄၀၁) တောင့်၊ Equipment (၁) ခု တို့နဲ့ ဆက်သွယ်အလင်းဝင်လာတယ်လို့ ကလေးခရိုင်အမှတ် (၉) တပ်ရင်းက ဆိုပါတယ်။

အလင်းဝင်ရောက်လာသူ (၂) ယောက်ကို ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ ကလေးဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က (၂) ယောက်ပေါင်း ဆုငွေကျပ်သိန်း (၈၀) ကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ဝမ်းမြောက်တက်ကြွစွာ ကမ်းလှမ်းကြိုဆိုနေကြောင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

“Phyu Phyu In Korea” ဂီတဖျော်ဖြေပွဲမှ ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ၆၈၀၀ ခန့် ရရှိ

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ "Phyu Phyu In Korea " Concert ဂီတဖျော်ဖြေပွဲကနေ မြန်မာငွေကျပ် သိန်းပေါင်း ၆၈၀၀ ခန့်အထိ ရရှိခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ ပေးပို့လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးက စစ်ဘေးမီးဘေးသင့် ပြည်သူတွေကို စောင်ခြုံတွေ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်ဘေးသင့် မီးဘေးသင့် ပြည်သူတွေကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နဲ့ "ကြယ်ငါးကောက်သူများအဖွဲ့" တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ "ဒီပဲယင်းမြိုနယ်ညီနောင်များ" ရဲ့ကိုယ်စား ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) တို့အဖွဲ့က အနွေးခြုံစောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ တရုတ်ပိုင် စက်ရုံ ၂ ခုကို ဖောက်ခွဲတိုက်ခိုက်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တာတွေ များလာတဲ့ ရန်ကုန်တိုင်းထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ခုကို မိုင်းခွဲသတိပေးခဲ့ကြောင်း The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။