ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပလာဇာစျေးဝယ်စင်တာရဲ့ ကားပါကင်မှာ အမျိုးသမီးတစ်ယောက် ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ် ၅ ရက် မနေ့က ညနေပိုင်းမှာ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို အမျိုးသားနှစ်ယောက်က ဓားနဲ့ ထိုးခဲ့တာဖြစ်ပြီး ဓားထိုးခံရသူ အမျိုးသမီးဟာ ဆေးရုံကို ပို့ဆောင်နေချိန်မှာပဲ သွေးထက်လွန်ကာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကားပါကင်က မီးအလင်းရောင် ကောင်းကောင်း မရဘူးဗျ၊ မှောင်ရိပ်ခိုပြီး လုပ်သွားတာဖြစ်မယ်၊ လုပ်တဲ့သူက အမျိုးသား ၂ ယောက်လို့တော့ ပြောသံကြားတယ်၊ ပစ္စည်းယူ ဓားပြတိုက်တာ မဟုတ်ဘူးလို့လည်း လုံခြုံရေးတွေက ပြောတယ်ဗျ” လို့ အခင်းဖြစ်ပွားပြီးနောက် မြန်မာပလာဇာကို စျေးဝယ်သွားတဲ့ ဒေသခံက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကြီး စျေးဝယ်စင်တာ တစ်ခုဖြစ်တဲ့ မြန်မာပလာဇာမှာ နာမည်ကြီးအမှတ်တံဆိပ်ဆိုင်တွေ၊ စားသောက်ဆိုင်တွေအပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေရဲ့ ကုမ္ပဏီတွေလည်း ရှိပြီး ဘေးချင်းကပ်လျက်မှာလည်း ဗီယက်နမ်က လာရောက်ဖွင့်လှစ်ထားတဲ့ ကြယ် ၅ ပွင့်အဆင့် Melia Hotel ကြီး ရှိတာဖြစ်ပါတယ်။

လုံခြုံရေးဝန်ထမ်းများစွာရှိတဲ့ မြန်မာပလာဇာမှာ အခုလို လူသတ်မှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နေပြည်သူတွေကတော့ စစ်အုပ်စု အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ လူသွားလူလာ များပြားတဲ့ အထင်ကရ နေရာတွေမှာတောင် အများပြည်သူ လုံခြုံရေးခြိမ်းခြောက်ခံနေရပြီဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့တဲ့ ရုပ်သံ မှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၇) မှ စစ်သား (၂) ဦး တနင်္သာရီမြို့နယ်ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်သား ၂ ယောက် လက်နက်နဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီ Airbus အနေနဲ့ စစ်အုပ်စုကို လေယာဉ်တွေ ရောင်းချပေးနေတဲ့ AVIC ကို ဖိအားပေးဖို့ Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အင်းတော်မြို့သိမ်းအောင်ပွဲမှ ပြန်လာသည့် Black Wolf – Army ရဲဘော်များကို ပြည်သူများ သင်္ကြန်ရေပက်ဖျန်းပြီး ကြိုဆိုခဲ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ဦးဆောင်ဆင်နွှဲခဲ့တဲ့ အင်းတော်မြို့သိမ်းအောင်ပွဲက ပြန်လာတဲ့ ရဲဘော်တွေက အရပ်သားပြည်သူတွေ သင်္ကြန်ရေပတ်ဖျန်းပြီး ကြိုဆိုခဲ့တယ်လို့ Black Wolf - Army က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့ ထုတ်ပြန်ပါတယ်။