မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို ကုန်သယ်ဆောင်ခွင့်တွေကို ကန့်သတ်ခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂လဝန်းကျင်လောက်ကစလို့ ကန့်သတ်ထားတဲ့ ကုန်သယ်ခွင့်တွေကိုပါ ထပ်မံ ကန့်သတ်လိုက်တာဖြစ်ပြီး ဒါဟာ စစ်တပ်က ဖြတ်လေးဖြတ် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြည်သူတွေက ယူဆကြပါတယ်။

“ကျနော်တို့ကတော့ ဖြတ်လေးဖြတ် လုပ်တယ်လို့ပဲ ထင်ပါတယ်။ တကယ်က ဆေးဝါးကအစ အခြေခံစားသောက်ကုန်အဆုံးပေါ့နော်။ သယ်ယူခွင့်ပိတ်ထားတာက တနှစ်လောက်ရှိပြီ။ ပိတ်တယ် ဆိုပေမယ့်လည်း ကား ၁စီးကို ဆန်ဆိုရင် ၃-၄ အိတ် သယ်လို့ရခဲ့သေးတယ်။ အခုက ကား ၁စီးကို ဆန်ဆို ၄-၅ ပြည်၊ ဆီဆို ၂ ပိဿလောက်ပဲ ပေးသယ်တော့ မလောက်မငှတွေ ဖြစ်လာနေပြီ။ ကန့်သတ်တာက ဒီထက်ပိုကြာရင်တော့ ပြတ်လပ်ဖို့ပဲ၊ ဒီထက်ပို ခက်ခဲလာဖို့ပဲ ရှိတော့တယ်” လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

ပခုက္ကူမြို့ဆီ ‌ဈေးကားသွားသူတွေကို မြို့အဝင်မှာကတည်းက ကားတစ်စီးကို ဘယ်လောက်သာ သယ်ခွင့်ပြုကြောင်း နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ အသိပေးထားပြီး တကယ်လို့ သတ်မှတ်တာထက် ပိုသယ်ရင် ဒဏ်ငွေဆောင်ခိုင်းကာ ပစ္စည်းသိမ်းတာမျိုးတွေကို စစ်ကော်မရှင်က လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲက ကမ္မမြို့နယ်မှာဆိုရင်လည်း ပြည်သူတွေက စစ်ကော်မရှင်တပ်တွေရဲ့ ရန်ကြောင့် ဈေးဆိုင်တွေ မဖွင့်ရဲဘဲ ပခုက္ကူက ကုန်လမ်းကြောင်းကိုသာ မှီခိုရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကမ္မမှာဆို ဈေးတွေတောင် မဖွင့်တော့ဘူး။ စစ်ကောင်စီရန်ကို ကြောက်ပြီး အကုန်လုံးက စစ်ရှောင်နေရတော့လေ။ အခုကတော့ တယောက်တလှည့်စီ သူ့လှည့်လိုက်… ကိုယ့်လှည့်လိုက်နဲ့တော့ အဆင်ပြေနေသေးတယ်။ ဒါပေမယ့် အရမ်းတင်းကြပ်ထားတာကြောင့် ပြည်သူတွေက စတင်ခက်ခဲနေပြီ” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကလည်း အခြေအနေတွေကို ပြောပြပါတယ်။

အဲဒီလို မြို့အဝင်အထွက်ဂိတ်တွေမှာ ကန့်သတ်မှုတွေကို လုပ်နေသူတွေဟာ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဖြစ်တယ်လို့ သူကဆိုပါတယ်။

“သူတို့က ဖုန်းတွေစစ်တယ်ဆိုတာက သိပ်မထူးဆန်းတော့ပါဘူး… နေ့တဒူဝ ကိစ္စလိုတောင် ဖြစ်နေပြီ။ ဒါပေမယ့် ပြည်သူတွေက ဆေးရုံဆေးခန်း ကိစ္စပေါ့နော်။ ဥပမာ မြွေကိုက်လူနာတွေ၊ မီးဖွားရမယ့် ကိုယ်ဝန်ဆောင်တွေဆိုရင် မလွဲမသွေသွားရတဲ့ အခါမျိုးမှာလည်း ဖုန်းစစ်ပြီး ဒဏ်ရိုက်တာပေါ့နော်။ အဲ့ဒါကလည်း သတ်သတ်မှတ်မှတ်မဟုတ်ဘဲ သူတို့ပါးစပ်က ထွက်သလောက် တောင်းနေတာမျိုးတွေကျ အဆင်မပြေဘူးပေါ့” လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်တွေရဲ့ ‌နှောင့်ယှက်စစ်ဆေး တားဆီးမှုတွေကြောင့် ပြည်သူတွေဟာ ထိတ်လန့်ပြီး ‌ဆေးရုံရက်ချိန်း ရှိတဲ့အခါမျိုးမှာတောင် သွားရောက်ဆေးကုသမှု မခံယူတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ထိန်းချုပ်နယ်မြေများရှိ ဒေသခံများ၊ တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။