တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့ ဩဂုတ်လ ၄ ရက်က မွန်းလွဲပိုင်းမှာ ကာကင်းယူထားတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ကော့လှိုင်ရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

(၄၅) မိနစ်ခန့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရပြီး တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက ခမရ (၄၀၉) ဒင်နံပါတ်ပါ MA 4 ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ ကျည်ဘောက် ၇ ခုနဲ့ ကျည် (၁၀၀) ကျော်ခန့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၇) တပ်ဖွဲ့၊ ကော်သူလေးအာမီ (KTLA) တပ်ဖွဲ့၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲဲ့၊ ဒေါနတပ်ရင်း. ၂  (YGF) တပ်ဖွဲ့၊ ဒေါနတပ်ရင်း ၃ (KBDF) တပ်ဖွဲ့၊ ရာမညတပ်တော် (NMSP/AD၊RMA) တပ်ဖွဲ့နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရာမညမွန်တပ်တော်၏ (Sniper)စနိုက်ဘာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား…

မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် (NMSP-AD/ RMA) ရဲ့ စနိုက်ဘာသင်တန်း အပတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၉)ရက် မနေ့က လွတ်‌မြောက်နယ်‌မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

ပခုက္ကူတွင် တာဝန်နှင့် ပြောင်းလာသည့် ပျူစောထီးကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ပျူခေါင်းဆောင်အပါ ၄ဦးသေပြီး လက်နက်နှင့်ငွေသားတချိို့ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။