တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်းက နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး စစ်လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ ထိုင်း-မြန်မာ နယ်စပ်က နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ အင်အား (၆၀) ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ဟာ ကော့လှိုင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

“လာတဲ့ စစ်ကြောင်းက ခြေလျင်ပဲလာတာပါ။ ပြောရရင်တော့ ကျမတို့ ကင်းပုန်းက ပစ်တာကနေ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စကစဘက်က ၄ယောက်သေတဲ့ထဲမှာ ၃ ယောက်ကိုတော့ သူတို့ အလောင်းပြန်သယ်သွားတယ်။ ၁ ယောက်ကတော့ အလောင်းကျန်ခဲ့ပါတယ်” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။  

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သား ၄ ယောက် သေဆုံးခဲ့သလို ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၂ ယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒ့ါအပြင် စစ်ကောင်စီရဲ့ MA-4 သေနတ် (၁) လက်၊ ၆၀-မမဗုံးသီး (၄) လုံး၊ အီဂါနာဗုံးသီး (၂) လုံး၊ MA ကျည်ဘောက် (၇) ခုနဲ့ MA ကျည် (၁၀၀) ကျော်ကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းဖြတ်တဲ့ ကော့လှိုင်ရွာမှာ တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ ပြည်သူတွေထိတာ မရှိပါဘူး။ အဲ့နေရာက ပြည်သူတွေက လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက စစ်ရှောင်နေတာ မိုလို့ပါ။ တိုက်ပွဲပြီးတော့လည်း ရန်သူက ပြန်ဆုတ်သွားပါတယ်” လို့ ဆက်ပြောပါတယ်။ 

အဆိုပါ တိုက်ပွဲကိုတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇)၊ ရာမညမွန်တပ်တော် (R.M.A)၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း စစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားလွှတ်တော်တွင် “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားလွှတ်တော်မှာ “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်တံခါးရှိ သူဌေးကုန်းရွာ စစ်တပ်ကာကင်းစခန်းကို PDF နှင့် KNLA တို့ ဝင်ရောက်တိုက်ခိုက်၊ လက်နက်မချဘဲ ပြန်ခုခံသည့် စစ်သားအလောင်း ၅ လောင်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။