မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ရွာကြီးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ၃ ယောက် သေဆုံးကာ ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“မြင်းခြံကနေ ပစ်တာ၊ ဘာမှထိတွေ့မှု မရှိဘူး။ ဒီအတိုင်း လှမ်းပစ်တာ၊ ဒဏ်ရာရတဲ့လူတွေက စိုးရိမ်ရတယ်။ လက်နက်ကြီးကျတဲ့အိမ်က ဆေးလိပ်လိပ်တဲ့အိမ်ဆိုတော့ ထိကုန်တာ၊ နေအိမ်ကတော့ တစ်လုံးပျက်စီးသွားတယ်” လို့ နွားထိုးကြီး နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါ်ဝင်းနဲ့ မဇာနည်ထွန်းတို့ သားအမိ ၂ ယောက်နဲ့ ဆွေမျိုးတော်စပ်သူ မစုစံတို့ ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်ဝင်းရဲ့ သားဖြစ်သူ ကိုဇင်မင်းထွန်း၊ ချွေးမဖြစ်သူ မလုံး၊ မဝတုတ်နဲ့ ဒေါ်တင်ထားဆွေတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရွာကြီးရွာဟာ မကြာခဏဆိုသလို စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တုန်းကလည်း ရွာကြီးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ပါသေးတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် သန်းပင်လှရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးတစ်ယောက် သေဆုံးကာ အမျိုးသမီး ၂ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ-သံတောင်လမ်းပိုင်းမှာ စစ်သားတွေတိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူတွေကို အကြမ်းဖက်စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်…

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အတင်းအဓမ္မ စုဆောင်းခံထားရသူတွေနဲ့ စားဝတ်နေရေးအဆင်မပြေလို့ စစ်မှုထမ်းဖို့ အခကြေးငွေယူကာ စစ်တပ်ထဲ ဝင်ခဲ့ရသူတွေကို စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မြောက်ဒဂုံမြို့နယ် ၂၉ရပ်ကွက် အားကစားခန်းမ စစ်တပ်ဂိတ်ကို ပ​ကဖတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်သားတွေ တပ်စွဲထားတဲ့ ၂၉ရပ်ကွက်၊ အားကစားခန်းမ စစ်တပ်ဂိတ်ကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။