တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်လို့ သတင်းထွက်ပေါ်နေမှုတွေအပေါ် TNLA က ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းထဲမှာ တရုတ်နိုင်သား ကျားဖြန့်လုပ်ကိုင်သူတွေကို TNLA အနေနဲ့ ဖမ်းဆီးပြီးနောက် တရုတ်အစိုးရထံကို ပြန်လည်အပ်နှံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ TNLA က ပြောပါတယ်။ 

“ကျားဖြန့်လုပ်ငန်းကို ကျမတို့က လုံခြုံရေးယူပြီး အကာအကွယ်ပေးနေတယ်ဆိုတာက သတင်းအမှားပါ။ ကျမတို့က ဒီကိစ္စကို ထိထိရောက်ရောက် နှိမ်နင်းနေပါတယ်။ တကယ်လို့ လူထုက ကျားဖြန့်လုပ်ကိုင်နေတယ် ဆိုတာကို သိရှိနေတယ်ဆိုရင် ကျမတို့ကို သတင်းပို့ပေးပါ။ ကျမတို့က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ နမ့်ခမ်း၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်သူ အမျိုးသား (၁၂) ယောက်ကို TNLA က သူထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်တစ်နေရာကနေ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာပါ။ 

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး

အဆိုပါ ၁၂ ယောက်ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး နမ့်ခမ်းမြို့နယ်က (၄) ယောက်၊ ကွတ်ခိုင်မြို့နယ်က (၅) ယောက်ကို စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိပြီး နမ္မတူမြို့နယ်က ဖမ်းဆီးရမိသူ (၃) ယောက်ကတော့ ကျားဖြန့်လုပ်ငန်းလုပ်ဖို့ စီစဉ်နေချိန်မှာပဲ သတင်းရရှိပြီး သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားတာပါ။ 

လွေးယေဦးက ဆက်လက်ပြီး “ဖမ်းဆီးရမိသူက တရုတ်နိုင်ငံသားဆို တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးမယ်။ တခြားနိုင်ငံသားဆိုလည်း အဆင့်ဆင့် စစ်ဆေးပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဆိုလည်း သေချာလေးစစ်ဆေးပြီးတော့မှ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တာ သေချာတယ်(ဆိုရင်)… ကျမတို့ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ 

TNLA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ကျားဖြန့်လုပ်ငန်း လုပ်ငန်းလုပ်နေသူတွေ၊ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ဖို့ စီစဉ်ဆောင်ရွက်နေသူတွေကို ဖမ်းဆီးတာတွေ၊ စစ်ဆေးမေးမြန်း အရေးယူတာတွေ လုပ်ဆောင်ခဲ့သလို ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးအတွက် နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။
Read More

ပေါင်းတည် ဝဲကြီးဆည် စစ်တပ်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေ၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့နယ် သူကြီးအိမ်တွင် တပ်စွဲထားသည့် စစ်အုပ်စုအား PDF ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်အုပ်စု ခြေကုပ်ယူတပ်စွဲထားတဲ့ တမိုက်သားကျေးရွာ သူကြီးအိမ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုက အရပ်သားလူငယ် ၁၁ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

"ဒီမနက် ၆နာရီ ၄၀ မှာ ကန်ဒေါင့်ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ အတည်ပြုပါတယ်။ ​နောက်ဆက်တွဲသတင်းတွေ ဆက်ထုတ်ပြန်ပါမယ်။ ဇွန်လ ၂ရက်နေ့ကတည်းက စပြီးတိုက်ခဲ့တာ အခု ၁၉ရက်နေ့ မနက်မှာ ရတာပါ။" လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က မောင်းကိုပြောပါတယ်