ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

KNDF အမှတ် (၁၄) တပ်ရင်းမှ ရဲဘော် ချမ်းမြေ့အောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၅) ရက်က ​ရှေ့တန်းစစ်မြေပြင်မှာ တာဝန် ထမ်းဆောင်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ချမ်းမြေ့အောင်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်မှာ KNDF အမှတ် (၁၄) တပ်ရင်းဆီ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ရန်သူအကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်နိုင်ခဲ့ရုံမက တိုင်းပြ​ည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရဲဘော်ချမ်းမြေ့အောက်က အသက်ကို ပေးဆပ်သွားတဲ့အပေါ်  အာဇာနည်သူရဲကောင်း အဖြစ် အစဥ်အမြဲ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KNDF အမှတ် (၁၄) တပ်ရင်းက ဆိုပါတယ်။

ရဲဘော် ချမ်းမြေ့အောင် ကျဆုံးသွားတဲ့အပေါ်မှာလည်း KNDF အမှတ် (၁၄) တပ်ရင်းမှ ရဲဘော်ရဲမေတွေအနေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို နိုင်ငံရေးအာဏာ အကန့်အသတ်မရှိ ပေးအပ်လိမ့်မည်ဟု KNU ဥက္ကဋ္ဌ ပြော

စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့မှာ မြို့နေပြည်သူဆီကို မြို့နယ် ပကဖ က စစ်သတင်းလွှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က ဒေသခံပြည်သူလူထုဆီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အပတ်စဥ်ထုတ်ဝေနေတဲ့ စစ်သတင်းလွှာတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးအဖွဲ့၊ သတင်းတာဝန်ခံရုံးအဖွဲ့ နဲ့ သပိတ်ကျင်းတိုက်နယ် ပကဖ ရုံးအဖွဲ့တို့ ပူးပေါင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။
Read More

တပ်မ (၂၂) မှ စစ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မန္တလေးက အခြေအနေဆိုးရွားတဲ့ နေရာများတွင် တရုတ်နှင့် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ စတင်နေ

မြန်မာပြည်ကို ရောက်ရှိလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။