မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ရွာကြီးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ၃ ယောက် သေဆုံးကာ ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“မြင်းခြံကနေ ပစ်တာ၊ ဘာမှထိတွေ့မှု မရှိဘူး။ ဒီအတိုင်း လှမ်းပစ်တာ၊ ဒဏ်ရာရတဲ့လူတွေက စိုးရိမ်ရတယ်။ လက်နက်ကြီးကျတဲ့အိမ်က ဆေးလိပ်လိပ်တဲ့အိမ်ဆိုတော့ ထိကုန်တာ၊ နေအိမ်ကတော့ တစ်လုံးပျက်စီးသွားတယ်” လို့ နွားထိုးကြီး နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါ်ဝင်းနဲ့ မဇာနည်ထွန်းတို့ သားအမိ ၂ ယောက်နဲ့ ဆွေမျိုးတော်စပ်သူ မစုစံတို့ ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်ဝင်းရဲ့ သားဖြစ်သူ ကိုဇင်မင်းထွန်း၊ ချွေးမဖြစ်သူ မလုံး၊ မဝတုတ်နဲ့ ဒေါ်တင်ထားဆွေတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရွာကြီးရွာဟာ မကြာခဏဆိုသလို စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တုန်းကလည်း ရွာကြီးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ပါသေးတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် သန်းပင်လှရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးတစ်ယောက် သေဆုံးကာ အမျိုးသမီး ၂ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ပြည်တွင်းဘဏ် ၁၅ ခုကို ကျပ်ဘီလီယံ ၁၅၀ ထုတ်ပေးမှုက ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်

SME လုပ်ငန်းတွေကို ငွေချေးဖို့ဆိုကာ ပြည်တွင်းကဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ကို ငွေဖြည့်ပေးလိုက်တာကြောင့် ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြပါတယ်။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်း စစ်မှုထမ်းတပ်သား ၁ဦး၊ ပျူ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင် အလင်းဝင်ရောက်ခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ "သိမ်းငှက်စစ်ဆင်ရေး" လုပ်ဆောင်နေချိန်အတွင်း စစ်မှုထမ်းတပ်သားနဲ့ ပျူစောထီးတွေအပါ လူ ၄ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်မှာ စစ်ကောင်စီ ဆယ်ဘီးကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြို့သာစက်မှုဇုန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဆယ်ဘီးကား ၁စီးကို ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ ဒုတပ်ကြပ်အပါ စစ်ကော်မရှင်တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။