စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force – OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃ ရက်က မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ မုံရွာမြို့သို့လာတဲ့ စစ်ရေယာဉ် ၁၂ စီးအုပ်စုကို ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရေယာဉ်ပေါ်ရှိ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့လည်းဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Video – One Star Task Force

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်း ခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လန်ဒန်မြို့မှာ ဆန္ဒပြသူတစ်ဦးက အီရန်သံရုံး‌အဆောက်အအုံပေါ်တွယ်တက်ကာ လက်ရှိအီရန်အလံကို ဖြုတ်ချပြီး အလံအဟောင်းဖြင့် အစားထိုးကာ ဆန္ဒပြ (ရုပ်/သံ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၀ ရက် စနေ့က ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတစ်ဦးက အီရန်သံရုံးမှာ လွှင့်တင်ထားတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အလံကိုဖြုတ်ချပြီး၊ ယခင် အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က သုံးခဲ့တဲ့ အလံဟောင်းနဲ့ အစားထိုးဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း PDF ရဲဘော်များ တပ်စွဲထားသည့် နေရာအား ထိုးစစ်ဆင်လာသည့် အကြမ်းစစ်တပ်ကို ခုခံတိုက်ခိုက် စစ်သားအများအပြား သေဆုံးပြီး နောက်သို့ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားတဲ့နေရာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး တပ်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ Myingyan Blcak Tiger – MBT က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ စစ်သုံ့ပန်း ၂ ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ တောင်ခမောက်ကျေးရွာသို့ စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

နန်းဟန်နွဲ့ရွာမှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခံရပြီး တပ်စိတ် ၁ စိတ် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းဟန်နွဲ့ရွာရှိ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ တပ်စိတ် ၁ စိတ်ခန့် သေဆုံးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။