စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 

တွေ့ဆုံဆွေးနွေးပွဲကို တရုတ်အစိုးရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် လုပ်ဆောင်ရတာဖြစ်ပြီး စစ်ကောင်စီဘက်ကနေ မြို့နယ်တွေကို လက်လွှဲပေးဖို့ တောင်းဆိုချက်ရှိရင်တော့ ဆွေးနွေးပွဲက ရလဒ်ထွက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

“စစ်ကောင်စီက လက်ရှိ သူတို့ရပ်တည်ချက်က ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် စတာတွေကို ပြန်လွှဲပြောင်းပေးဖို့ သူတို့သဘောထားဖြစ်ပါတယ်။ တကယ်လို့ တွေ့ဆုံဆွေးနွေးမှုမှာ စစ်ကောင်စီက ဒီလိုမျိုးပဲ ရပ်တည်နေဦးမယ်ဆိုရင် ဆွေးနွေးပွဲက ဘာမှ ရလဒ်ထွက်လာမှာမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ တကယ်လို့ တွေ့ဆုံဆွေးနွေးမှုက တနည်းတဖုံ ပြောင်းလဲသွားရင် တမျိုးဖြစ်သွားမှာပေါ့။ ဆိုတော့ ယတိပြတ်ပြောဖို့က လိုပါသေးတယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ 

TNLA ဘက်ကတော့ ၂ဖက် အပစ်အခတ်ရပ်စဲဖို့၊ ထိုးစစ်ဆင်တာတွေ မလုပ်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဆွေးနွေးသွားဖို့ရှိပြီး ဆွေးနွေးပွဲကို ဘယ်နေ့၊ ဘယ်ရက်မှာ ပြုလုပ်မယ်ဆိုတာ မသိရသေးဘူးလို့ သူကဆိုပါတယ်။ 

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ နောင်ချိုမြို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာ နောင်ချိုမြို့ကို ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဇူလိုင်လအတွင်း နောင်ချိုမြို့ကို လေကြောင်းနဲ့ ၅၆ ကြိမ်၊ လက်နက်ကြီး ၁၆၅၅ ကြိမ်၊ ဒရုန်းနဲ့ ၆၆၁ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအပေါ်မှာလည်း လွေးယေဦးက “စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူလူထုကို တောက်လျှောက် ဗုံးကြဲတယ်၊ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုတိုက်ခိုက်တယ်။ အရပ်သားပြည်သူလူထုတွေ ထိခိုက်နစ်နာတဲ့အတွက် အရပ်သားပြည်သူထုကို ကာကွယ်ဖို့ နောက်ဆုတ်ပေးလိုက်ရတာပါ၊ ကျမတို့က အရပ်သားပြည်သူထုကို ကာကွယ်ဖို့အတွက် တာဝန်ရှိတဲ့အတွက် အရပ်သားပြည်သူလူထု ထိခိုက်နစ်နာမှာစိုးလို့ နောင်ချိုမြို့ကနေ ဆုတ်ခွာပေးလိုက်ရခြင်း ဖြစ်ပါတယ်” လို့ဆိုပါတယ်။ 

TNLA အနေနဲ့ အခုလို နောင်ချိုကို လက်လွှတ်လိုက်ရမှုအပေါ် ပြည်သူလူထုရဲ့ ဝေဖန်အကြုံပြုချက်တွေ အားလုံးကိုလည်း သင်ခန်းစာယူ လက်ခံသွားမယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက်ကို မြေပြင်ထိုးစစ်ဆင်လာတာကြောင့် TNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြင်းခြံတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း ယုံစေချင်ရင် သက်သေပြပါ ဟု ကိုထိန်လင်းပြော

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။