မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခုလ (သြဂုတ်) အစပိုင်းကစလို့ ရေစကြိုမြို့ပေါ်မှာ စစ်ကော်မရှင်အုပ်စုတွေနဲ့ စစ်တပ်ရင်းတွေက အရပ်သားဖမ်းဆီးမှုတွေကို ခပ်စိတ်စိတ် ပြန်လည်လုပ်ဆောင်လာနေပြီး နေ့စဥ်နဲ့အမျှဆိုသလို လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပါတယ်။

ဩဂုတ်လ (၄) ရက်၊ မနေ့က နေ့လယ်ပိုင်းမှာလည်း ရေစကြိုမြို့ စည်ပင်ပန်းခြံထဲကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ၅လုံးပစ်ခတ်ခဲ့ရာမှာ မီးလောင်ကျွန်းကျေးရွာ (ရွာကွဲ) ၂ရွာကြားရှိ ကျွန်းပေါ်အပါအဝင် မီးလောင်ကျွန်းတောင်ဘက်ရွာ အရှေ့မြောက်ဘက်နဲ့ ဖြုံဘူးကျေးရွာတောင်ဘက်ဘောလုံးကွင်းတွေဆီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေ ပစ်ခတ်လိုက်တဲ့ အဆိုပါ ဟောင်ဝစ်ဇာလက်နက်ကြီးကျည်တွေထဲ ဖြုံဘူးကျေးရွာတောင်ဘက် ဘောလုံးကွင်းရှိရာကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည် ၂လုံးကြောင့် အသက် (၂) နှစ်အရွယ် မောင်ပေါက်စီဆိုသူ ကလေးငယ် ၁ယောက်ဟာ ဦးခေါင်းကို လက်နက်ကြီး ကျည်စထိမှန်ရင်း နေရာတင် သေဆုံးခဲ့သလို အသက် (၆၇) နှစ်အရွယ် ဦးဝင်းကြည်ဆိုသူလည်း ခြေထောက်နဲ့ တင်ပါး ကျည်စထိမှန်သွားတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း လက်နက်ကြီးကျရောက်ခဲ့သည့် ကျေးရွာတစ်ခုမြင်ကွင်း (Yesagyo Township Info Committee)

“မနေ့က နေ့လယ်ပိုင်းပစ်တာ.. ၂နှစ်သား ကလေးတစ်ယောက်ဆုံးသွားတယ်။ ညကျတော့လည်း ရေစကြိုအနောက်ခြမ်းကို ၁၀ လုံးပစ်တာ၊ ရွာအနီးဝန်းကျင်တွေကျပြီး တဲအိမ်အချို့ပျက်စီးတယ်၊ လူအထိအခိုက်တော့ မရှိဘူး။ ဒါတွေက မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက်မှာ အတော်ဆိုးလာတာလို့ ပြောရမှာပါ။” လို့ Yesagyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အခု သြဂုတ်လ ပထမပတ်အတွင်းမှာ နယ်ဝေးကျေးရွာတွေကနေ စျေးလာဝယ်တဲ့အရပ်သားတွေဟာ ရေစကြိုမြို့ပေါ်မှာ နေ့စဥ်နဲ့အမျှ စောင့်ကြိုဖမ်းဆီးခံနေရပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေဟာ လက်ရှိ ရေစကြိုမြို့ပေါ်အပါအဝင် မြောက်ဘက်က ဇီးတောရွာနဲ့ တောင်ဘက် ဆင်ချောင်း၊ အရှေ့ဘက် မင်းရွာတို့လောက်မှာပဲ နယ်မြေစိုးမိုးနိုင်တော့ကြောင်း သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း အခုလိုမျိုး အခြေအနေတွေ ပြန်လည်ဆိုးရွားလာတာဟာ မင်းအောင်လှိုင်သတ်မှတ်လိုက်တဲ့ စစ်အုပ်ချုပ်ရေးမြို့နယ် ၆၃မြို့နယ်အကြောင်း ကြေညာပြီးချိန်ကတည်းကဖြစ်တယ်လို့လည်း Yesagyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် ရဲအောင်သန်း အာဇာနည်နေ့ တက်ရောက်လာမှုကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင် ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ ရဲအောင်သန်းဆိုသူ တက်ရောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်ကတဆင့် မနေ့က တရားဝင် ကန့်ကွက်ထားပါတယ်။
Read More

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း စစ်​ကောင်စီတပ်ရင်းစခန်းများစွာ သိမ်းပိုက်ထားနိုင်၊ စကခ (၂၁) ကို ဆက်လက် ထိုးစစ်ဆင်နေ

၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေ များစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

“စက်လှေမှာက ဘဏ်ဝန်ထမ်း ၃ဦးလောက်နဲ့ စစ်တပ်လုံခြုံရေး ၆၀ နီးပါးလောက် ပါပါတယ်။ ကျနော်တို့ ခန့်မှန်းသိသလောက်ကတော့ ဌာနဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေလုပ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်ဖြစ်မယ်လို့ ယူဆပါတယ်”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။ 
Read More

စစ်တပ်လက်နက်ကြီးကြောင့် ကျောက်တံခါးတွင် ၆နှစ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။