တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU – Mergui – Tavoy District က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မှာ ဝင်းဝတပ်စခန်းက အဆိုပါ စစ်သား (၂) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ(၂) ထံ MA-1 သေနတ် (၁) လက်၊ MA-2 (၁) လက်၊ ကျည်‌ဆံ (၄၀၀) တောင့် ၊ ကျည်ဘောက် (၈)ခု တို့ ယူဆောင်လာကာ အလင်းဝင်ရောင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ဘယ်လိုထွက်ပြေးလာလဲတော့ မသိဘူး။ ဒါပေမဲ့ အရင်က ထွက်ပြေးတဲ့ စကစ စစ်သားတစ်ယောက်ကို ပြန်ဆက်သွယ်ပြီးတော့ ထွက်ပြေးခိုင်းတာ။ သူတို့စစ်မှုထမ်းတပ်သားတွေပဲဖြစ်မယ်။ တချို့ကတော့ ပြန်တိုက်မယ်။ တချို့က သူ့အိမ်ကိုပြန်သွားတယ်” လို့ KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂) ယောက်ဟာ မောင်‌မင်းစိုး (၄၂) နှစ်နဲ့  မောင်ဇော်ဇော် (၂၀) နှစ်တို့ ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ လက်နက်တွေယူဆောင်လာတဲ့အတွက် K.N.L.A တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးက ဂုဏ်ပြုဆုငွေ တစ်ယောက်ကို  သိန်း (၄၀) စီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စစ်သား ၂ ယောက် ဘက်ပြောင်းခိုလှုံဖို့အတွက် ကူညီဆက်သွယ်ပေးတဲ့  တပ်သားမော်ကျော်ကျော်ကိုလည်း ဆုငွေ သိန်း (၂၀) ပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။
Read More

ငဖဲမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၆ သောင်းခွဲအထိ မြင့်တက်လာ

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေဟာ ၆ သောင်းခွဲကျော်အထိ ရှိလာကြောင်း  FE5 Tanintharyi က ထုတ်ပြန်လိုက်ပါတယ်။  
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။