တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

KNLA တပ်မဟာ (၄) ဆီ ဘက်ပြောင်းခိုလှုံဖို့ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ သြဂုတ် ၃ ရက် ညပိုင်းက ဝင်းဝကျေးရွာအတွင်းကို ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးစစ်‌ဆေးမေးမြန်းပြီးနောက် အသက် ၅၈ နှစ်အရွယ် ဦးသန်းစိုးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အခြားရွာသူ‌ရွာသားတွေကိုလည်း အကြမ်းဖက် စစ်စခန်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညသန်းခေါင်ကျော် ၁ နာရီ အချိန်ခန့်မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား ၂ ယောက်ဟာ MA-1တစ်လက်၊ MA-2 တစ်လက်၊ ကျည်‌ဆံ အတောင့် ၄၀၀၊ ကျည်ဘောက် ၈ခုတို့နဲ့အတူ K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၂) ဆီ ဩဂုတ် ၄ ရက်မှာ အလင်းဝင်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ သူတို့ရှေ့မှာ အရင် အလင်းဝင်တဲ့ တပ်သား မော်ကျော်ကျော်ရဲ့  ချိတ်ဆက်အကူညီပေးမှု နဲ့  K.N.L.A တပ်ခွဲ(၂) ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့် လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်း… (ဓာတ်ပုံသတင်း)

အညာဒေသမှာ အခြေစိုက်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့်အတွက် ဩဂုတ်လ ၂၈ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲ၊ ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဘန်ကောက်မှာ ငလျင်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာအပါအဝင် အလုပ်သမားများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦးဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာတွေအပါအဝင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သြဂုတ်လအတွင်း Yangon Army (YA) ၏ ၃ခုမြောက်မစ်ရှင်အဖြစ် လှည်းကူး အောင်မင်္ဂလာရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေက လုံခြုံရေးကိစ္စရပ်တွေကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို ညီနောင် ERO တွေနဲ့ ပူးတွဲပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေ စဥ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။