မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ရွာကြီးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ၃ ယောက် သေဆုံးကာ ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“မြင်းခြံကနေ ပစ်တာ၊ ဘာမှထိတွေ့မှု မရှိဘူး။ ဒီအတိုင်း လှမ်းပစ်တာ၊ ဒဏ်ရာရတဲ့လူတွေက စိုးရိမ်ရတယ်။ လက်နက်ကြီးကျတဲ့အိမ်က ဆေးလိပ်လိပ်တဲ့အိမ်ဆိုတော့ ထိကုန်တာ၊ နေအိမ်ကတော့ တစ်လုံးပျက်စီးသွားတယ်” လို့ နွားထိုးကြီး နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါ်ဝင်းနဲ့ မဇာနည်ထွန်းတို့ သားအမိ ၂ ယောက်နဲ့ ဆွေမျိုးတော်စပ်သူ မစုစံတို့ ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်ဝင်းရဲ့ သားဖြစ်သူ ကိုဇင်မင်းထွန်း၊ ချွေးမဖြစ်သူ မလုံး၊ မဝတုတ်နဲ့ ဒေါ်တင်ထားဆွေတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရွာကြီးရွာဟာ မကြာခဏဆိုသလို စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တုန်းကလည်း ရွာကြီးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ပါသေးတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် သန်းပင်လှရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးတစ်ယောက် သေဆုံးကာ အမျိုးသမီး ၂ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အရပ်ဝတ်နှင့် ဆိုင်ကယ်စီးလာသည့် နယ်ထိန်းရဲ ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ပြီး လူငယ်၂ ဦးကို သတ်ဖြတ်ခဲ့ဖူးတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနှင့် တပ်စိတ်မှူး ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံး

96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၎င်းတို့အာဏာဆက်လက်ရယူရေးအတွက် တရားမဝင်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ NUCC နဲ့ NUG က ထုတ်ပြန်ကြေညာ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။