ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းအရှေ့အနောက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီရဲ့ ညောင်လေးပင် ပိန်းဇလုတ်အခြေစိုက် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ Royal Peacock Column-P 29913 က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံးသီးကို ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ Royal Peacock Column-P 29913နဲ့ TacticalWeaponProductionForce -M.K.G တို့ ပူးပေါင်းပြီး ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးလျက်ရှိတယ်လို့ သိရပါ တယ်။

Video – Royal Peacock Column-P 29913

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းသိမ်းပိုက်ရရှိခဲ့ အတွင်း ၁၂၀ မမ လက်နက်ကြီး၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။
Read More

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းမယ့် “ကျားမဲဟိန်းသံမြိုသိုညံ” သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းဝတ်စုံတွေ ဖြည့်တင်းနိုင် ဖို့ "ကျားမဲဟိန်းသံမြိုသိုညံ" သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ခဲ့တဲ့အတွက် ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေး ခဲ့ရတယ်လို့ ယင်းမာပင်ခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ရဲစခန်းရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ကချင်ပြည်နယ် ချီဖွေမြို့ရဲစခန်းကို KIA တပ်တွေက ထိန်းချုပ်ထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းအား စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး အသေခံဒရုန်း တွေနဲ့ တိုက်ခိုက်နေတဲ့ ကြားကနေ ဒရုန်းကို စနိုက်ဘာနဲ့ ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို  SSNDF/ KNDF B-101  က ထုတ်ပြန်လိုက်ပါတယ်။
Read More

နံရံကို ခေါင်းနဲ့တိုက်သည့် လူငယ်မျိုးဆက်များ

နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေဟာ အာဏာရှင် စစ်ဘီလူးတွေလက်ထဲက သူတို့ရဲ့ တိုင်းပြည်ကို ပြန်ကယ်တင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။