ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း – မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၃ ရက် မနေ့က အောင်ပန်း – မန္တလေး လမ်းမပေါ်ရှိ ရေပြာအိုင်အနီးမှာ PDF ၁၀၀၃ တပ်ရင်း ရဲဘော်တွေက ဓနုဒေသရှိ ပြည်သူလူထုနဲ့ ရင်းနှီးမှု ပိုမိုခိုင်မြဲစေဖို့နဲ့ ပြည်သူလူထု လုံခြုံရေးအတွက် ယာဥ်အသွားအလာတွေ စစ်ဆေးတာ၊ မူးယစ်ဆေးဝါး အန္တရာယ်တွေ ကာကွယ်ဖို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

PDF ၁၀၀၃ တပ်ရင်းအနေနဲ့ စစ်ကောင်စီ စိုးမိုးနယ်မြေတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ၊ ပြည်သူလူထုနဲ့ တွေ့ဆုံတာတွေ ပြုလုပ်တဲ့အခါမှာလည်း ပြည်သူတွေ မထိခိုက်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲဖို့နဲ့ လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ချိန် စစ်တပ်ထုတ်ကုန်တွေ တွေ့ရှိရင် ပစ္စည်းတွေကို ထိန်းသိမ်းခံရမယ်လို့ PDF ၁၀၀၃ တပ်ရင်းက သတိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ အွန်လိုင်းကနေ ဆွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ – စာနာသင်္ကြန် ကိုရီးယားမှာ ပြုလုပ်ရာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့မှာ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန်ကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အလံဖြူထောင် ဆုတ်ခွာထွက်ပြေးနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ခေတ်မီ စစ်ရေးဗျူဟာတွေ လေ့လာပြင်ဆင်ထားဖို့ မင်းအောင်လှိုင် မှာကြား

ပြောင်းလဲတိုးတက်နေတဲ့ စစ်ရေးဗျူဟာတွေကို ခေတ်နဲ့အညီ လေ့လာလိုက်စားနေဖို့ လိုအပ်တတယ်လို့  နိုင်ငံတစ်ဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

NMSP-AD နဲ့ MLA တပ်တွေ ပူးပေါင်းပြီး ရာမညမွန်တပ်တော် အနေနဲ့ ဆက်ရှိသွားမည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP(AD) ရဲ့ တပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မေလ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။