စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာအုပ်စု၊ အောင်လယ်ပြင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ပိုင်ရှင်က ဓားပြတွေရဲ့ ရုပ်ကို မှတ်မိသွားတာကြောင့် အစအနဖျောက်တဲ့အနေနဲ့ လင်မယား နှစ်ယောက်လုံးကို သတ်ခဲ့ပေမယ့် မိန်းမဖြစ်သူ အသက်ရှင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က သြဂုတ်လ ၃ ရက် မနက်အစောပိုင်းလောက်မှာ မန္တလေး − မြစ်ကြီးနား ကားလမ်းမကြီးပေါ်မှာရှိတဲ့ အောက်လယ်ပြင်ရွာက ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ်အပိုပစ္စည်းရောင်းတဲ့ဆိုင်ထဲ လူငယ် ၄ ယောက် ဝင်လာပြီး ဆိုင်က အလုပ်သမားနဲ့ အရင်ဆုံး တွေ့ခဲ့ပါတယ်။

ဓားပြတွေက အဆိုပါအလုပ်သမားကို ဆိုင်ပိုင်ရှင်လင်မယား နေထိုင်တဲ့ အခန်းကိုမေးရာ အလုပ်သမားက ကြောက်လန့်တကြားနဲ့ ဆိုင်ရှင်တွေရဲ့ အခန်းကို ပြပြီးနောက် ဓားပြတွေက အလုပ်သမားရဲ့ ပါးစပ်ကို တိတ်နဲ့ပိတ်ကာ လက်တွေကို ကြိုးနဲ့ချည်သွားခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ရှင်လင်မယား နှစ်ယောက်ရဲ့ အခန်းထဲကို ဓားပြ ၄ယောက်ဝင်လာချိန် ဓားပြတွေထဲက တစ်ယောက်ကို ဆိုင်ရှင် ဦးဝင်းဘို (၆၀ နှစ်) က သိရှိတဲ့အတွက် မလုပ်သင့်ကြောင်း ပြောဆိုချိန် ဦးဝင်းဘိုကို ရက်ရက်စက်စက် သတ်ခဲ့ကြသလို အမျိုးသမီးဖြစ်သူကိုလည်း ဓားနဲ့ လည်လှီးခဲ့ပေမယ့် အဆိုပါ အမျိုးသမီးက သေချင်ယောင်ဆောင်နေခဲ့တယ်လို့ ဆိုပါတယ်။

“သူ့သမီးက အပြင်သွားလိုက်တဲ့အခါ သူ့သမီးပြန်လာလို့ရှိရင် ဝင်လို့ရအောင်ဆိုပြီးတော့ တံခါးကိုမပိတ်ထားဘဲနဲ့ စေ့ထားလိုက်တာ။ အဲ့အချိန်မှာ ဓားပြတွေက အလွယ်တကူဝင်ပြီးတော့ ဓားပြတိုက်သွားတာ။ (ဦးဝင်းဘိုက) ဓားပြထဲကတစ်ယောက်ကို မှတ်မိသွားတာ။ မင်းဘာလို့ဓားပြတိုက်တာလဲ၊ ဘာညာမေးတဲ့အခါမှာ သူ့ကိုမိသွားတော့ လက်စဖျောက်တဲ့အနေနဲ့ လင်မယား ၂ ယောက်လုံးကိုသတ်တာပေါ့။ ဘိုးတော်ကြီးကို တော့ အစိပ်စိပ်အမွှာမွှာပဲတဲ့။ အမျိုးသမီးကိုတော့ လည်ပင်းကို လည်လှီးတာ သေချင်ဟန်ဆောင်လိုက်တယ်။ အဲဒါနဲ့ မသေသွားဘူးပေါ့နော်” လို့ အင်းတော်နယ်ခံတစ်ယောက်က မောင်း ကိုပြောပါတယ်။

အဆိုပါဓားပြ ၄ ယောက်ဟာ အိမ်ပိုင်ရှင်တွေကို သတ်ဖြတ်သွားတဲ့အပြင် ငွေကျပ်သိန်း (၃၀၀) နဲ့ ရွှေသားတချို့ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဦးဝင်းဘိုက သေဆုံးသွားပြီဖြစ်ပြီး သူ့ရဲ့အမျိုးသမီးကတော့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဓားပြတိုက်သွားတဲ့ လူငယ် ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိသွားပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force - MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။