တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU – Mergui – Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ အဆိုပါ ညီအစ်ကို ၂ ယောက်က ဆေးဆရာပင့်ဖို့အတွက် ကြိမ်ချောင်းရွာဘက်ကို သွားချိန် စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး အသတ်ခံလိုက်ရတာပါ။ သူတို့ ညီအစ်ကို ၂ ယောက်ရဲ့ ရုပ်အလောင်းကို KNU တပ်ဖွဲ့တွေက ဇူလိုင်လ ၂၈ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ညီအစ်ကို ၂ ယောက်လုံးဟာ ဦးခေါင်တွေမရှိတော့ဘဲ ခန္ဓာကိုယ်တွေသာ ကျန်ရှိခဲ့ပြီး ကြိုးတွေနဲ့ တုပ်ခံထားရရင်း သေဆုံးနေတယ်လို့ဆိုပါတယ်။ သေဆုံးသွားသူ ၂ ယောက်မှာ အစ်ကိုဖြစ်သူက အသက် (၃၆) နှစ်ရှိပြီး ညီဖြစ်သူက အသက် (၃၃) နှစ်အရွယ်ရှိတယ်လို့ ဆိုပါတယ်။

“အဲဒီရွာသား ၂ ယောက်ကို စကစ စစ်ကြောင်းက သတ်ပစ်လိုက်တာ။ အဲဒီနေရာက မောတောင်လမ်းမှာ၊ ဆေးဆရာသွားရှာတဲ့အချိန်မှာ ပျောက်သွားတယ်။ ဇူလိုင်လ ၂၈ ရက်နေ့မှာ အလောင်းပြန်တွေ့တယ်။  အလောင်းက ခေါင်းတွေမရှိတော့ဘူး။ ကြိုးတုပ်ထားတာရှိတယ်။ ကျနော်တို့အတည်ပြုနိုင်တာက သူတို့လမ်းမှာ စကစ နဲ့ တွေ့ပြီးတော့ စကစကဖမ်းတာ။ ဖမ်းပြီးတော့ သတ်ပစ်လိုက်တာ” လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်း ကိုပြောပါတယ်။

ဇူလိုင် (၂၂) ရက်နေ့ကလည်း မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ(၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်းအနီးမှာ အမည်မသိအမျိုးသားရဲ့ အလောင်းတစ်လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း KNLA တပ်ရင်း (၁၁) နယ်မြေအတွင်း မောတောင် နယ်စပ်စခန်းကို တပ်အချိန်းပြောင်းလုပ်ဖို့၊ မောတောင်မြို့က ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့ နဲ့ တနင်္သာရီ − မောတောင်ကားလမ်းကို ပြန်လည်စိုးမိုးရယူဖို့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေ ပြုလုပ်နေတာကြောင့် သဲဖြူရွာအပါအဝင် အခြားရွာနားနီးစပ်က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

သဲဖြူရွာက ညီအစ်ကို ၂ ဦး ရုပ်အလောင်းများကို စစ်ကောင်စီက စွန့်ပစ်ထားပုံ
သဲဖြူရွာက ညီအစ်ကို ၂ ဦး ရုပ်အလောင်းများကို စစ်ကောင်စီက စွန့်ပစ်ထားပုံ
သူတို့အား ချည်နှောင်ခဲ့သည့်ကြိုး
0 Shares:
You May Also Like
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူ့တော်လှန်ရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီး အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေမည်ဟု NUG ဝန်ကြီးချုပ် ပြော

ဘဝသက်တမ်းတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူ ရပ်တည်နေတာကို အခိုင်အမာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

ရေဖြူတိုက်ပွဲ ၁၀ ရက်နီးပါးအထိ ကြာမြင့်လာပြီး စစ်တပ်ဘက်မှ ၃၆ ဦးထက်မနည်း သေဆုံးထား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၀ ရက်နီးပါး ကြာမြင့်လာခဲ့ပြီလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   
Read More

နိုင်ငံတကာပိတ်ပင်ထား‌သော ကလက်စတာ ဆင့်ကဲဗုံးများဖြင့် ရခိုင်ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဆက်တိုက်ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးက ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊အကြမ်းဖက်စစ်တပ်က ဒေသခံတွေနေထိုင်တဲ့ အခြားရခိုင်ကျေးရွာတွေကို နိုင်ငံတကာကသုံးစွဲခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲဗုံး (cluster) ဗုံးတွေနဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။