ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ လူထုအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့၊ နိုင်ငံတကာက ပေးအပ်လာတဲ့ လူသားချင်းစာနာထောက်ပံ့မှုငွေကြေးတွေနဲ့ လက်နက်ဝယ်ယူပြီး ပြည်သူကို သတ်ဖြတ်နေတာတွေ ရပ်တန့်စေဖို့ အခုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျွန်းစုတွင် လက်နက်များ သယ်ဆောင်လာသည့် စစ်အုပ်စု ကား ၂ စီး တိုက်ခိုက်ခံရပြီး ပျူနှင့် ရဲ ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်အုပ်စု ကား ၂ စီးကို ဖြတ်တောက်တိုက်ခိုက်ရာ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေနဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်းမပြုဖို့ သတိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်မြောက်ရှိပြီဖြစ်ပြီး မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်း မပြုဖို့ ထပ်မံ မေတ္တာရပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။