ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂ ရက် မနက်ပိုင်းမှာ KIA တပ်ဖွဲ့တွေက ရှရောခရွာကနေ ဆုတ်ခွာပေးလိုက်ရပြီး သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှာတော့ KIA၊ KPDF တပ်ဖွဲ့တွေက ထပ်မံထိုးစစ်ဆင်လာတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိုပစ်ခတ်မှုအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပစ်ကူအနေနဲ့ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ အမျိုးသား တစ်ယောက် သေဆုံးကာ တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ဗျူဟာကုန်းကနေ လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဆန်းကြွယ်ရွာသား ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

သြဂုတ်လ ၄ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံတိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စု အထိုင်ချနိုင်ခဲ့တဲ့ ရှရောခရွာကို KIA ပူးပေါင်းတပ်တွေက အလုံးစုံ ပြန်လည်မသိမ်းပိုက်နိုင်သေးပေမယ့် အတော်များများကိုတော့ သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေရှိနေပြီလို့ သိရပါတယ်။

“စစ်တပ်ကသိမ်းသွားတဲ့ အဲဒီရွာကို ပြန်ပြီးထိုးစစ်ဆင်တဲ့အချိန်မှာ အပြင်းအထန် တိုက်ပွဲတွေဖြစ်တယ်။ ၄ရက်နေ့ မနက်မှာတော့ တော်တော်လေးတော့ စခန်းကုန်းကို ပြန်လည်စိုးမိုးနိုင်တဲ့ အနေအထားအထိ ရောက်သွားတာပေါ့။ ဒါပေမယ့် မနေ့ကရယ် ဒီနေ့ရယ် အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်တဲ့အခါမှာ ဖားကန့်ဗျူဟာကုန်းကနေပြီးတော့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး ပစ်ကူပေးတဲ့အခါမှာ တိုက်ပွဲဖြစ်ပွားရာ ဧရိယာကျော်ပြီးတော့ ကျည်တွေ ကျရာကနေ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိတာပေါ့” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒီနေ့မနက်မှာလည်း ဖားကန့်ဗျူဟာကုန်းကနေ စစ်အုပ်စု ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မျောက်ဖြူရွာထဲ ကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ရှရောခကို ပထမ စစ်ကြောင်းစထိုးလာတဲ့ သြဂုတ် ၁ရက်နေ့ကနေပြီးတော့ စစ်ရှောင်ကြတာ။ ရွာမှာ လူငယ်တို့ လူလတ်ပိုင်းတို့ တချို့ကတော့ မိသားစုတွေကို အိမ်စောင့်၊ ပစ္စည်းတွေစောင့်ရင်း ကျန်မယ်ဆိုတဲ့ဟာတွေ ထိကြတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ဒီနေ့မနက်မှာ ရှရောခရွာကို KIA ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်စိုးမိုးထားနိုင်တဲ့ အနေအထားရှိတာကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် ဒေသခံတွေ သတိနဲ့ နေထိုင်ကြဖို့လည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက သတိပေးတာမျိုးရှိတယ်လို့ သိရပါတယ်။

KIA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ရှရောခရွာမှာ အထိုင်ချထားတာလို့ သိရပါတယ်။ အဆိုပါ ကျေးရွာကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ချင်တာကြောင့် စစ်ကြောင်းထိုးရင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ ၄ ရက် နေ့လယ်ပိုင်းလောက်မှာတော့ ပစ်ခတ်မှုတွေ ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ CDF-Mindat တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူများ လှိုက်လှိုက်လှဲလှဲ ကြိုဆို (ဓတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF- Mindat တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ပေါင်း ၁၇ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်‌နေ့မှာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Read More

စလင်းတွင် မဲစာရင်းစစ်ပြီး ပြန်လာသည့် စစ်ကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ဗိုလ် ၁ဦး နေရာတင်သေဆုံး၊ ၃ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရွေးကောက်ပွဲ အတုအတွက် မဲစာရင်းစစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ယောက်ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ ဒီဇင်ဘာလ၄ရက်နေ့က စလင်းမြို့နယ်လမ်းပိုင်းတစ်နေရာမှာ မဲစာရင်းစစ်ဆေးပြီး ပြန်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ကား၂စီးကို ဒေါင်းစစ်အောင် LPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရတာပါ။
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။