ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) က တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။

သြဂုတ်လ (၃) ရက် မနေ့က ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့နယ်၊ မဲပ ရပ်ကွက် (၈) ရှိ ခြေတော်ရာသင်္ဘောဦးဆိပ် တောရကျောင်းမှာ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို KNU တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝါခေါင်လရောက်တိုင်း ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ဝါခေါင်လ လက်ချည်ပွဲကို ကရင်အမျိုးသားနေထိုင်ရာဒေသအသီးသီးမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မှာ မဲပ(၈)ရပ်ကွက်ရှိ ခြေတော်ရာသင်္ဘောဦးဆိပ် တောရကျောင်း ဆရာတော် ဘန္ဒန္တ ကေသ၀(ဖူ့ကျာ် မိုးကလော်)နဲ့ ရွှေ့ပြောင်းပညာရေးလုပ်သားတွေ၊ ရပ်မိရပ်ဖဒေသခံတို့နဲ့ ဖွဲ့စည်းထားတဲ့ ပွဲတော်ကျင်းပရေးကော်မတီတွေက နှစ်စဉ်ကျင်းပြုလုပ်ခဲ့ရာ (၁၉) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဟာ ဘာသာရေးကို အခြေခံတဲ့ ပွဲတော်မဟုတ်ဘဲ ကရင်အမျိုး သားတို့ရဲ့ ထုံးတမ်းဓလေ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်တာကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသတဝိုက်ရှိ ကရင်အမျိုးသားတွေအပြင် ဘန်ကောက်၊ ချင်းမိုင်နဲ့ ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားတို့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို တက်ရောက် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

(၁၉)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို မဲဆောက်မြို့ပိုင်(နိုင်အန်းဖုန်း)နဲ့ မဲပကျေးနယ် အုပ်စုမှူး (ကာမနန်း)၊ ရပ်ကွက်မှူး (ဖူ့ယိုင်၊ဖူ့ချွေ့) တို့လည်း တက်ရောက်ဂုဏ်ပြုခဲ့သလို ကရင်ပြည်နယ်ရှိ ကရင်တေးသံရှင်တွေ၊ ထိုင်းမြန်မာနယ်စပ်ရှိ အနုပညာမောင်နှမတွေ စည်းလုံးညီညွတ်စွာနဲ့ တက်ရောက်သီဆို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံအဝန်း မြို့ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲတွင် လက်လွှတ်ခဲ့ရသည့် စစ်တပ်ကာကင်းစခန်းအချို့ကို ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီတပ် စနိုက်ပါကြောင့် PDF ရဲဘော် ၁ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်မှုကြောင့် လက်လွှတ်ခဲ့ရတဲ့ ရှေ့တန်းကာကင်းစခန်းအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။